အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မင်းအောင်လှိုင် လွိုင်ကော်မြို့ ရောက်နေချိန် လက်နက်ကြီးနဲ့ အပစ်ခံရ

ကရင်နီပြည်နယ် လွိုင်ကော်မြို့သို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရောက်ရှိနေချိန်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက Myanmar Now ကို ပြောသည်။ ယမန်နေ့ (စက်တင်ဘာ ၄)က လွိုင်ကော်မြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိနေချိန်တွင် လက်နက်ကြီးဖြင့် ၅ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကို အတိအကျမသိရသေးဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။ “ကျွန်တော်တို့ အခုပစ်ခတ်မှုက သူတို့ရှိတဲ့နေရာတွေကို ပစ်ခတ်တာဖြစ်လို့ ခြိမ်းခြောက် မှုပေးနိုင် တာတော့ သေချာပါတယ်။ အထိအခိုက်တွေအားလုံးကတော့ အသေးစိတ်ကတော့ မသိရသေးဘူးပေါ့” ဟု ၎င်းက ပြောသည်။ သတင်း၊ တင်ဆက် – မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles