အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကြုံသလိုပေါ်တာဆွဲ စစ်မှုထမ်းခိုင်းသည့်စနစ် စစ်ကောင်စီ ကျင့်သုံးနေပြီ

အာဏာသိမ်းစစ်တပ်ဟာ ရာနှင့်ချီတဲ့ လမ်းသွားလမ်းလာလူငယ်တွေကို ဖမ်းဆီးပြီး သူတို့ အသက်သွင်းထားတဲ့ စစ်မှုထမ်းဥပဒေနဲ့ အတင်းအကျပ်စစ်ထဲသွင်းနေကြောင်း စစ်ကောင်စီ ကိုးကွယ်တဲ့ ပြည်သူ့စစ်ခေါင်းဆောင် သင်္ကန်းဝတ်တစ်ပါးက ဝန်ခံလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ရက်က မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ အရပ်သား အယောက် (၁၀၀) နီးပါး ကို စစ်တပ်က ပေါ်တာဆွဲခဲ့ ပြီး အဲ့ဒီအထဲက သူရဲ့ မိတ်ဆွေတွေ အပါအဝင် (၄၅)ယောက် ကို စစ်သင်တန်းကို အတင်းအကျပ်ပို့ခဲ့ကြောင်း ‘ပေါက်ကိုယ်တော်’ အမည်ရသူက ပြောပါတယ်။

ပေါက်ကိုယ်တော်ရဲ့ ပြောကြားချက်ဟာ အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတယ်လို့ စွပ်စွဲချက်တွေအပေါ် စစ်ကောင်စီ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရဲ့ ရှားရှားပါးပါးဝန်ခံမှုလည်း ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ လမ်းမပေါ်က ပေါ်တာဆွဲတဲ့ သတင်းတွေကို သတင်းဌာနတွေက ထုတ်ဖော်ရေးသားခဲ့ပေမယ့် လုပ်ကြံဖန်တီးတဲ့သတင်းတွေသာဖြစ်ကြောင်း စစ်တပ်က မကြာခဏ တုန့်ပြန်လေ့ရှိပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button