ရုပ်သံသတင်း

မြန်မာပြည်မှာ ထိုးပေးနေတဲ့ ကိုဗစ်ရှီးဒ်က ဘယ်လိုကာကွယ်ဆေးမျိုးလဲ

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံကို ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးပို့ခဲ့သည့် ကိုဗစ်ကာကွယ်ဆေး ၁ ဒသမ ၅ သန်းကို မြန်မာနိုင်ငံတွက် ဇန်နဝါရီလ ၂၇ ရက်ကစပြီး နိုင်ငံ့ဝန်ထမ်းများကို ထိုးနှံပေးနေပြီဖြစ်ပြီး နိုင်ငံတော်အစိုးရမှ ပြည်သူ ၁၅ သန်းစာအတွက် ဆေးအလုံးရေ သန်း ၃၀ ကို အမေရိကန် ဒေါ်လာ သန်း ၁၅၀ ဖြင့် အိန္ဒိယနိုင်ငံမှ ကြိုတင်မှာယူထားပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရ မှာယူထားသည့် ကိုဗစ်ကာကွယ်ဆေးသည် ပထမဆုံးအသုတ်အဖြစ် ဖေဖော်ဝါရီလ ပထမအပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး ပြည်သူများကိုလည်း ထိုးနှံပေးနိုင်တော့မည်ဖြစ်သည်။ ဒါကြောင့် မြန်မာပြည်သူများထိုးနှံကြမည့် ကိုဗစ်ကာကွယ်ဆေး ကိုဗစ်ရှီးဒ် (Covishield) အကြောင်း၊ ဆေးမထိုးခင် ဘယ်လိုဂရုစိုက်နေထိုင်ရန်လိုအပ်သလဲ၊ ဆေးထိုးပြီးရင် ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လိုလူမျိုးက မထိုးသင့်သလဲ၊ ဆေးရဲ့အာနိသင်တွေက ဘယ်လိုရှိသလဲဆိုတာကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက မြန်မာနောင်းကို အသေးစိတ်ရှင်းပြခဲ့ပါသည်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး၊ ဟေမာန်ပြည့်/Myanmar Now

[youtube https://youtu.be/LmaAA198G1o]

Show More

Related Articles

Back to top button