အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မြန်မာပြည်မှာ ထိုးပေးနေတဲ့ ကိုဗစ်ရှီးဒ်က ဘယ်လိုကာကွယ်ဆေးမျိုးလဲ

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံကို ချစ်ကြည်ရေးလက်ဆောင်အဖြစ် ပေးပို့ခဲ့သည့် ကိုဗစ်ကာကွယ်ဆေး ၁ ဒသမ ၅ သန်းကို မြန်မာနိုင်ငံတွက် ဇန်နဝါရီလ ၂၇ ရက်ကစပြီး နိုင်ငံ့ဝန်ထမ်းများကို ထိုးနှံပေးနေပြီဖြစ်ပြီး နိုင်ငံတော်အစိုးရမှ ပြည်သူ ၁၅ သန်းစာအတွက် ဆေးအလုံးရေ သန်း ၃၀ ကို အမေရိကန် ဒေါ်လာ သန်း ၁၅၀ ဖြင့် အိန္ဒိယနိုင်ငံမှ ကြိုတင်မှာယူထားပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရ မှာယူထားသည့် ကိုဗစ်ကာကွယ်ဆေးသည် ပထမဆုံးအသုတ်အဖြစ် ဖေဖော်ဝါရီလ ပထမအပတ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး ပြည်သူများကိုလည်း ထိုးနှံပေးနိုင်တော့မည်ဖြစ်သည်။ ဒါကြောင့် မြန်မာပြည်သူများထိုးနှံကြမည့် ကိုဗစ်ကာကွယ်ဆေး ကိုဗစ်ရှီးဒ် (Covishield) အကြောင်း၊ ဆေးမထိုးခင် ဘယ်လိုဂရုစိုက်နေထိုင်ရန်လိုအပ်သလဲ၊ ဆေးထိုးပြီးရင် ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လိုလူမျိုးက မထိုးသင့်သလဲ၊ ဆေးရဲ့အာနိသင်တွေက ဘယ်လိုရှိသလဲဆိုတာကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက မြန်မာနောင်းကို အသေးစိတ်ရှင်းပြခဲ့ပါသည်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး၊ ဟေမာန်ပြည့်/Myanmar Now

[youtube https://youtu.be/LmaAA198G1o]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles