အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လားရှိုးလေဆိပ်နှင့် မြို့တစ်ဝက်ကို ကိုးကန့်တပ် သိမ်းပိုက်ထားပြီ

ရှမ်းပြည်နယ်မြောက်ပိုင်းမှ အကြီးဆုံးမြို့ဖြစ်သည့် လားရှိုးမြို့တွင် မြို့တွင်းတိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မြို့ဧရိယာထက်ဝက်နီးပါးနှင့် လားရှိုးလေယာဉ်ကွင်းကို MNDAA ကိုးကန့်တပ်က ထိန်းချုပ်ထားလိုက်ကြောင်း ဒေသခံတို့က ဆိုသည်။ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရှိ ရပ်ကွက် အမှတ် ၁၊ ၂၊ ၃ နှင့် ၁၂၊ မန်ဆူဘုရားအနီး၊ လားရှိုးမြို့တော်ခန်းမနှင့် လားရှိုးဆေးရုံအနီးတို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။ လားရှိုးမြို့လယ် ပြည်သူ့ဆေးရုံကြီးရှေ့တည့်တည့်တွင် တည်ရှိသော စစ်တပ်ပိုင် အင်းဝဘဏ်ရှေ့တွင် စစ်ကောင်စီတပ်သားတစ်ဦး သွေးအိုင်ထဲ၌ သေဆုံးနေပြီး ကိုးကန့်တပ်သားများက ထိုနေရာတွင် လှုပ်ရှားသွားလာနေသည်ကို ယနေ့ ပျံ့နှံ့လာသည့် ရုပ်သံဖိုင်ထဲတွင် မြင်တွေ့ရသည်။ လားရှိုးမြို့လယ်ကောင်တွင် ပြည်သူ့ဆေးရုံ၊ အင်းဝဘဏ်၊ လားရှိုးရဲစခန်း၊ မီးသတ်ဌာနနှင့် အစိုးရရုံးများ တည်ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button