ရုပ်သံသတင်း

ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ လည်ပတ်နေမှု ရပ်နားထားဖို့ အကြောင်းကြားထား

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ မြန်မာ့ရွှေနဂါး စိုက်ပျိုးရေးစွမ်းအားစုကုမ္ပဏီကို မြေနေရာငှားရမ်းခဲ့စဉ်က ဓာတ်မြေသြဇာများ အတင်အချပြုလုပ်ခြင်းနှင့် သိုလှောင်ခြင်းများအတွက် ခွင့်ပြုငှားရမ်းထားခြင်းဖြစ်သော်လည်း စာချုပ်ပါအချက်များကို ကျော်လွန်ကာ ရောစပ်၊ ကြိတ်ခွဲ၊ ထုပ်ပိုးခြင်းများပါ လုပ်ဆောင်နေသောကြောင့် လုပ်ငန်းများ ချက်ချင်းရပ်ဆိုင်းထားရန် ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇန်နဝါရီ ၁၅ ရက်နေ့က စက်ရုံကို အကြောင်းကြားလိုက်ပါသည်။ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ စတင်လည်ပတ်သည့် ၂၀၁၉ နှစ်လည်ပိုင်းမှစ၍ စက်ရုံအနီး ကျေးရွာများတွင် အနံ့ဆိုးဒဏ်ခံနေရသလို စက်ရုံမှထွက်သည့် အမှုန်များကြောင့် ပတ်ဝန်းကျင်ကျေးရွာမှ သောက်သုံးရေကန်များ ညစ်ညမ်းပြီး သောက်သုံးရေအခက်အခဲများနှင့် ကြုံတွေ့နေရသောကြောင့် စက်ရုံကို ပိတ်သိမ်းပေးဖို့ ဒေသခံတွေက တောင်းဆိုထားသည်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး၊ ဟေမာန်ပြည့်/Myanmar Now

[youtube https://youtu.be/DNqcD_luUz0]

Show More

Related Articles

Back to top button