ရုပ်သံသတင်း

အင်းစိန်ထောင်ရှေ့ ဆန္ဒပြပွဲမှ ရဲတပ်ဖွဲ့ဝင်များအား ထိုးနှက်သူကို အာမခံပေး

ဦးဝီရသူအား ရုံးထုတ်စစ်ဆေးပေးရန် အင်းစိန်ထောင်ရှေ့ ဆန္ဒဖော်ထုတ်ရာ၌ ရဲတပ်ဖွဲ့ဝင်များကို ထိုးနှက်ခဲ့သူ အမျိုးသားရေးသမားဆိုသူကို ရာဇဝတ်ကျင့်ထုံးဥပဒေအရ အာမခံပေးထားသည်ဟု အင်းစိန်မြို့နယ်ရဲစခန်းမှ သိရသည်။ အင်းစိန်ထောင်ရှေ့ ဆန္ဒပြပွဲဦးဆောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ထိုဆန္ဒပြပွဲဦးဆောင်သူ လူပုဂ္ဂိုလ်နှစ်ဦးနှင့် ရဟန်းနှစ်ပါးကိုလည်း သက်ဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူနိုင်ရန် ရဲတပ်ဖွဲ့က စီစဉ်လျက်ရှိသော်လည်း ဖမ်းဆီးရမိထားသူများကို အာမခံပေးထားသည်။

သတင်နှင့်ရိုက်ကူး – ချမ်းသာ၊ ဖြိုးထက်အောင်/Myanmar Now

[youtube https://youtu.be/yJPAMHF6r08]

Show More

Related Articles

Back to top button