အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရခိုင်ရောက် နယ်ခြားစောင့်ရဲများ၏ ကံကြမ္မာ

အရှေ့မှာ AA နောက်လှည့်ပြေးရင် ပင်လယ် – ကြမ္မာငင်နေသည့် နယ်ခြားစောင့်ရဲများ

ရခိုင်ပြည်နယ်ရောက် နယ်ခြားစောင့်ရဲတွေရဲ့ လက်ရှိအခြေအနေဟာ ‘သေတွင်းထဲ အပို့ခံရတာ’ လို့ ယုံကြည်နေကြပြီး၊ ပြည်ထဲရေးဌာနအဆင့်ဆင့်ကို ဆက်သွယ်စုံစမ်းရာမှာလည်း အခြေအနေ တိတိပပ မသိရတာကြောင့် မိသားစုတွေက ဒေါသထွက်နေကြပါတယ်။ သေသလား၊ ရှင်သလား၊ အဖမ်းခံရသလားဆိုတာ ဘာတစ်ခုမှ မသိရဘဲ၊ လနဲ့ချီပြီး အဆက်အသွယ်ပြတ်နေတဲ့ နယ်ခြားစောင့်ရဲတွေအတွက် မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။ မြန်မာနိုင်ငံဒေသအသီးသီးက ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ နယ်ခြားစောင့်ရဲအဖြစ် ရခိုင်မှာ ၂ နှစ် တာဝန်ထမ်းဖို့ စေလွှတ်ခံရတာ ဖြစ်ပေမဲ့၊ တချို့ဆိုရင် ၃ နှစ်ကျော်လို့ ၄ နှစ်လောက် ကြာလာတဲ့အထိ ပြောင်းရွှေ့ခွင့်မရ ဖြစ်နေကြရပါတယ်။ ရခိုင်ပြည်နယ်ရောက် နယ်ခြားစောင့်ရဲတွေရဲ့ ကံကြမ္မာကို ဒီရုပ်သံဆောင်းပါးမှာ ကြည့်ရှုနိုင်ပါတယ်။ သတင်း၊ တင်ဆက် – စထွန်းအောင်၊ မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button