အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ငပလီကမ်းခြေကို စစ်ဗိုလ်ချုပ်ကြီးတွေ ဘယ်လိုလက်ဝါးကြီးအုပ်ခဲ့ကြသလဲ

ငပလီကို လက်ဝါးကြီးအုပ်ခဲ့သူတွေထဲ အထင်ရှားဆုံးတစ်ခုဆိုရင် အာဏာရှင်ဟောင်း ဦးသန်းရွှေဟာ သံတွဲခရိုင်၊ ငပလီမှာရှိတဲ့ ဒေသခံတွေရဲ့ မြေတွေကို တပ်တိုးချဲ့ဖို့အကြောင်းပြချက်နဲ့ သိမ်းပိုက်ခဲ့ပြီး၊ သူ့ရဲ့သားဖြစ်သူ သန့်ဇော်ရွှေကို မြေ ၅ ဧကကျော် အနှစ် ၄၀ ငှားရမ်းခွင့်ပေးခဲ့ပါတယ်။ မြေဧကအတွက် တစ်နှစ်ကို ကျပ်သိန်း ၂၆၀ နဲ့ ဒေါ်လာ ၁၃၀၀၀ ပဲ ပေးသွင်းရတာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ စတင်အသက်ဝင်တဲ့ အနှစ် ၄၀ စာချုပ်ဖြစ်တဲ့အတွက် သူ့ရဲ့သား အသက် ၈၀ ပြည့်တဲ့ ၂၀၄၇ ခုနှစ်မှသာ စာချုပ်သက်တမ်းပြည့်မှာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ အတင်းအဓမ္မ မြေသိမ်းတာကို ခံခဲ့ရတဲ့ ဒေသခံအများစုကတော့ သူတို့မြေပေါ်မှာ ဆောက်ထားတဲ့ ဟိုတယ်တွေမှာ အောက်ခြေသိမ်းအလုပ်တွေကို လုပ်ကိုင်ခဲ့ကြရပါတယ်။ အခုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သား ဦးသန့်ဇော်ရွှေ ပိုင်ဆိုင်တဲ့ သံတဲကမ်းခြေဟိုတယ် အပါအဝင် ငပလီကမ်းခြေက စစ်ဗိုလ်ချုပ်မိသားစုတွေနဲ့ ခရိုနီတွေ ပိုင်တဲ့ ဟိုတယ်လုပ်ငန်းတွေရဲ့ အနာဂတ်ဟာ AA ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှု မူဝါဒအပေါ် မူတည်နေတယ်လို့ AA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်မှုရှိတဲ့ ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။ အာရက္ခတပ်တော် AA အပြည့်အဝထိန်းချုပ်နိုင်တော့မယ့် သံတွဲမြို့နယ်ဟာ လက်ရှိစစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ဇနီး ဒေါ်ကြူကြူလှရဲ့ ဇာတိလည်း ဖြစ်ပါတယ်။ သတင်း၊ တင်ဆက် – အောင်ခမ်း၊ မြတ်ကြီး

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles