အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မန္တလေးမှာ စစ်ကောင်စီ ခံစစ်ပြင်နေသလား

တော်လှန်ရေးတပ်များ၏ ထိုးစစ် ရှမ်းတောင်တန်းများကို ကျော်လွန်လာချိန်တွင် စစ်ကောင်စီက နိုင်ငံအလယ်ပိုင်းမြို့တော် မန္တလေးကို လုံခြုံရေးတင်းကျပ်လိုက်ပြီး ခုခံတိုက်ပွဲဝင်ရန် ခံစစ်ပြင်နေသည်ဟု ဒေသခံများထံမှ သိရသည်။ မန္တလေးအနီး တိုက်ပွဲပြင်းထန်လာချိန် စစ်ကောင်စီက မြို့ပြင်တပ်စခန်းများမှ တပ်မိသားစုဝင်များကို နန်းတွင်းထဲရှိ စစ်စခန်းထဲသို့ ပြောင်းရွှေ့လိုက်ပြီး မြို့တွင်းကင်းစခန်းများတွင်လည်း အင်အား တိုးချလိုက်သည်။ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင်မြို့တို့တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ဇူလိုင် ၁၀ က နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ခဲ့ကာ စစ်ရေးပစ်မှတ်သည် မန္တလေးမြို့ကို ဦးတည်နေသည်။ နောင်ချိုနှင့် မန္တလေးအကြားတွင် စစ်တက္ကသိုလ်အများအပြားရှိရာ ပြင်ဦးလွင် ခေါ် မေမြို့တစ်ခုသာ ခြားသည်။ သတင်း၊ တင်ဆက် – နေမင်းနီ၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button