အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

နေရာအဆင်မပြေတာကြောင့် NLD နှင့် ကယားအခြေစိုက်ပါတီ တွေ့ဆုံပွဲပျက်

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရေးကိုယ်စားလှယ်အဖွဲ့သည့် ယနေ့ ကယားပြည်နယ်လွိုင်ကော်မြို့၌ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP)နှင့် တွေ့ဆုံမည့်နေရာ ညှိနှိုင်းရာတွင် အဆင်မပြေသောကြောင့် တွေ့ဆုံပွဲပျက်ခဲ့ပါသည်။ ဖေဖော်ဝါရီ ၁ ရက်တွင် စတင်ခေါ်ယူမည့် တတိယအကြိမ် လွှတ်တော်သက်တမ်းမစခင် ဒီချုပ်ဘက်မှ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံနေတာဖြစ်ပြီး ကယားပြည်နယ်ပြီးနောက် ရှမ်းပြည်နယ်တွင် သွားရောက်တွေ့ဆုံမည်ဖြစ်ပါကာ ရှမ်းပြည်နယ်ရှိ ပြည်နယ်အခြေစိုက်ပါတီအချို့က ပြည်နယ် NLD ရုံးကို လာရောက်တွေ့ဆုံနိုင်ကြောင်း ဒီချုပ်တာဝန်ရှိသူတွေက ဆိုသည်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး၊ ဟေမာန်ပြည့်/Myanmar Now

[youtube https://youtu.be/EicTJ9LhZr4]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles