ရုပ်သံသတင်း

ကယားအခြေစိုက်ပါတီ နှစ်ခုနှင့်တွေ့ဆုံမည်ဟု ဒီချုပ်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကယားပြည်နယ်ကိုသွားရောက်ပြီး မနက်ဖြန် ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် ကယန်းအမျိုးသားပါတီတို့ကို တွေ့ဆုံရန် စီစဥ်ထားကြောင်းသိရသည်။ ကိုယ်စားလှယ်အဖွဲ့ လာရောက်မယ့်ကိစ္စကို ကယားပြည်နယ် NLD ပါတီဥက္ကဋ္ဌမှ ဖုန်းဆက် ပြီးပြောဆိုထား သော်လည်း ဗဟိုကော်မတီအနေဖြင့် တရားဝင်အကြောင်းကြားတာ မရှိသေးသလို တွေ့ဆုံမည့်နေရာကိုလည်း တတိယနေရာတွင် တွေ့ဆုံရန်မျှော်လင့်သည်ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် ကယန်းအမျိုးသားပါတီမှ ဆိုသည်။

သတင်းနှင့်ရိုက်ကူး – ကေဇွန်နွေး၊ ဟေမာန်ပြည်/Myanmar Now

[youtube https://youtu.be/kCALWaYqI4M]

Related Articles

Back to top button