အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

လက်နက်ကြီးကြောင့် ကလေးငယ်များအပါအဝင် လားရှိုးမြို့ခံ ၆ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်‌ကောင်စီ၏အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်းအနီး မြို့‌ပေါ်ရပ်ကွက် ၁ ဗျူဟာလမ်းပေါ်ရှိ လူနေအိမ်များပေါ် လက်နက်ကြီးများ ယနေ့နံနက် ၇ နာရီကျော်ခန့်က ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကလေးငယ် သုံးဦးအပါဝင် အရပ်သားခြောက်ဦး သေဆုံးခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ သေဆုံးသူများမှာ ၁၄ နှစ်အရွယ် မောင်ဇယ်ဇောင်း၊ အသက် ၁၅ နှစ်အရွယ်များဖြစ်သော မောင်ဒွဲအောင်နှင့် မဇယ်ညွယ်၊ အသက် ၃၀ ဝန်ကျင်များဖြစ်သော ဦးဆိုင်းခွမ်၊ မမေရီနှင့် အသက် ၇၀ အရွယ် ဒေါ်မာဂျီဆိုသူတို့ဖြစ်သည်။ “ဂျန်မာကြောင့် ဒရုန်းက မအောင်ဘဲ အိမ်ပေါ်ကျတာလား။ တပ်ထဲက အပြင်ကို ပစ်တာ မအောင်ပဲ ဒီမှာလာကျတာလားတော့ ဂဃနဏတော့ မသိရသေးဘူး။ လက်နက်ကြီးကျတဲ့အိမ်တွေက တိုင်းရုံးနဲ့ ခြံဝင်းပဲ ခြားတာ။ ကပ်လျက်ပဲ။” ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ သတင်း၊ တင်ဆက် – မောင်ရွှေဝါ၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles