အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အင်အား ၅၀၀ကျော်ဖြင့် လွိုင်ကော်မြို့ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ

ကရင်နီပြည်နယ်၊ မြို့တော်လွိုင်ကော်ကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အား ၅၀၀ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း ထိုးစစ်ဆင်လာတာကြောင့် မကြာခင်မှာ တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်လာနိုင်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဘက်က ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားတပ်မတော် PNA ပြည်သူ့စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် တောင်ဘက်မှာရှိတဲ့ ကရင်နီပြည်နယ်ထဲကို ဆက်လက်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၁ ရက်က စတင်တဲ့ ၁ လေးလုံး စစ်ဆင်ရေးအတွင်း လွိုင်ကော်မြို့ရဲ့ နေရာအများစုကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။ ကရင်နီရဲ့ ပြည်နယ်မြို့တော် လွိုင်ကော်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုံးထိုင်တဲ့ နေပြည်တော်နဲ့ဆိုရင် မိုင် ၁၃၀ ကျော်ပဲ ဝေးပါတယ်။ သတင်း၊ တင်ဆက် – စောရယ်၊ စထွန်းအောင်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button