အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တပ်သားသစ်အလုံအလောက်ရရေး လူငယ်များကို စစ်ကောင်စီ ခြိမ်းခြောက်ပြန်

စစ်မှုထမ်းသင်တန်းတက်ရောက်မည့် လျာထားချက်ဦးရေ ပြည့်မီအောင်လုပ်ရန် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ယင်းလက်အောက်ခံ အရာရှိများကို သတိပေးလိုက်ပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများလည်း လာရောက်ရန် ပျက်ကွက်ပါက အရေးယူမည်ဟု ခြိမ်းခြောက်လိုက်သည်။ စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် လာရောက်ရန် ပျက်ကွက်သူများအားလုံးကို အရေးယူရန်၊ သင်တန်းအမှတ်စဉ် ၃ တွင် လျာထားချက်ဦးရေ ပြည်မီအောင် ကြိုတင်ပြင်ဆင်ကြရန်လည်း သူက ပြောသည်။ အရေးယူမည့် ဥပဒေပုဒ်မနှင့် မည်ကဲ့သို့ အရေးယူမည် ပုံစံကို အသေးစိတ် ပြောဆိုခြင်းမရှိပေ။ သတင်း၊ တင်ဆက် – အောင်ဇေ၊ နေမင်းနီ၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button