အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်ကောင်စီရဟတ်ယာဉ်ကို ကရင်နီတော်လှန်ရေးတပ်တွေ ဘယ်လိုပစ်ချခဲ့လဲ

ကရင်နီ (ကယား) ပြည်နယ် ၊ ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်တစီးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များဘက်က မေလ ၆ ရက် တွင် ပစ်ချနိုင်ခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချ၊ ဖျက်ဆီးနိုင်ခဲ့သော စစ်ကောင်စီ၏ တိုက်လေယာဉ်၊ ရဟတ်ယာဉ် အနည်းဆုံး ၈ စီး ရှိလာသည်။ ထိုအထဲတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ၃ စီး ပစ်ချနိုင်ခဲ့သည်။ “ကျွန်တော်တို့က စစ်အာဏာရှင်တစ်ခုလုံးကို အပြီးအပြတ် ချေမှုန်းဖို့ လုပ်နေတာ။ ဟတ်စကီးတစ်စီးလောက်ကို ပစ်ချရုံနဲ့ ကျွန်တော်တို့က ကျေနပ်နေမှာ မဟုတ်ဘူး” ဟု ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လောရင်းစိုးက ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့များ အပြည့်အဝနီးပါး နယ်မြေစိုးမိုးထားနိုင်သည့် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီရဟာဉ်ကို ပစ်ခတ်နိုင်ခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး ရဲဘော်လောရင်းစိုးကို ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း – စောရယ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles