
မန္တလေးမြို့တွင် အောက်တိုဘာလ ၂၀ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝန်းရံသူများ ဦးစီးပြုလုပ်သည့် ကားစတစ်ကာပြိုင်ပွဲ အပြင်ဆင်များ ဖျက်ဆီးခံခဲ့ရမှုသည် အချိန်တစ်လကြာမြင့်ပြီဖြစ်သော်လည်း ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပါ။ တရားခံများ ရှာဖွေတွေ့ရှိခြင်း မရှိသေးသဖြင့် တရားရုံးချိန်းတွင် ရက်ချိန်းထပ်မံတောင်းဆိုပြီး ဆက်လက်ရှာဖွေသွားမည်ဟု အောင်မြေသာစံမြို့နယ် အမှတ် (၂)ရဲစခန်း တာဝန်ရှိသူတစ်ဦးက Myanmar Now အား ပြောကြားခဲ့သည်။
သတင်းနှင့်ရိုက်ကူး – ကျော်ဇေဝင်း/Myanmar Now
[youtube https://youtu.be/Ou7dQxNRDBc]