အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်မှုမထမ်းလိုတာကြောင့် တိမ်းရှောင်လာမယ့်သူတွေကို KNU ဘာပြောလဲ

စစ်ကောင်စီက ကောက်ကာငင်ကာအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် စစ်တပ်အာဏာတည်မြဲရေး ကြိုးပမ်းချက်သာဖြစ်ပြီး လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ KNU ကဆိုသည်။ ထိုဥပဒေကို ဆန့်ကျင်ရန် KNU က တိုက်တွန်းထားပြီး လူငယ်များအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တုံ့ပြန်ရန်လည်း ဆော်ဩထားသည်။ စစ်ကောင်စီလက်အောက်တွင် စစ်မှုမထမ်းလိုသဖြင့် တိမ်းရှောင်လာကြသူများကိုလည်း အကူအညီပေးမည်ဟု ကြေညာသည်။ လူငယ်များ၊ ပညာတတ်များအနေဖြင့် KNU ၏ ပညာရေး၊ ကျန်းမာရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နိုင်သည်ဟု ကမ်းလှမ်းထားသည်။ စစ်မှုထမ်းဥပဒေအပေါ်အမြင်၊ ထိုဥပဒေကြောင့် စစ်မှုမထမ်းလိုသည့် လူငယ်များနှင့် တိမ်းရှောင်လာသူများကို ကူညီနိုင်မည့်နည်းလမ်များနှင့်ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း၊ တည်းဖြတ် – လင်းထင်၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button