လွန်ခဲ့သော ၁၀ နှစ်ကျော်က အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် အတည်ပြုခဲ့သည့် ‘ပြည်သူ့စစ်မှုထမ်းဥပဒေ’ ကို အာဏာသိမ်းစစ်တပ်က ပြန်လည်အသက်သွင်းလိုက်ရာ ပြည်သူလူထုအကြား စိုးရိမ်ပူပန်မှုများ အလွန်မြင့်တက်နေသည်။ နိုင်ငံတစ်ဝန်းတွင် စစ်မှုထမ်းရန် အကျုံးဝင်သူ ၁၃ သန်းခန့် ရှိပြီး၊ လာမည့် သင်္ကြန်ကာလ (ဧပြီလ) အပြီးတွင် ပထမအသုတ်အနေဖြင့် လူ ၅၀၀၀ ကို စတင်ခေါ်ယူမည်ဟု စစ်ကောင်စီဘက်က ထုတ်ပြောလာသည်။ စစ်သားအင်အား ပြုန်းတီးကာ မကြုံစဖူး စစ်ရှုံးလာသည့် အာဏာသိမ်းစစ်တပ်အတွက် စစ်မှုထမ်းဥပဒေသည် ‘တရားဝင်ပေါ်တာဆွဲခွင့်လိုင်စင်’ သာ ဖြစ်သည်။ သတင်း၊ တင်ဆက် – ဟန်သစ်
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



