ရုပ်သံသတင်း

ပြည်ခိုင်ဖြိုးက ရွေးကောက်ပွဲသတင်းမှားလွှင့်နေဟု ကျောင်းဆရာမများထုတ်ပြော

တပ်မတော်ရုံးဌာနများအခြေစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အိုင်စောက်ကျေးရွာအတွင်း အောက်တိုဘာ ၁ရက်က သက်ကြီးရွယ်အိုတွေကို ကြိုတင်မဲကောက်ခံမှုအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းထုတ်ပြန်ချက်သည် မှားယွင်းနေသဖြင့် ဂုဏ်သိက္ခာထိခိုက်ရကြောင်း မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများကပြောသည်။ အိုင်စောက်ကျေးရွာ မဲရုံတာဝန်ရှိဆရာမများနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အချို့ကမူ ပြည်ခိုင်ဖြိုး၏ ထုတ်ပြန်ချက်တွင် မဲရုံမှူး၏အမည်ပင် မှားယွင်းနေပြီး မဟုတ်မမှန် သတင်းထုတ်လွှင့်မှုနှင့် သတင်းပေးဆောင်ရွက်သူများကို အရေးယူနိုင်ရန် ဆက်လက်လုပ်ဆောင်မည်ဟုပြောသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now

[youtube https://youtu.be/F0tbH4T-cRU]

Show More

Related Articles

Back to top button