ရုပ်သံသတင်း

မန္တလေးမြို့လမ်းသွယ်များတွင် ပါတီအလံနှင့်ဗီနိုင်းချိတ်ဆွဲရန် စည်ပင်ခွင့်ပြုချက်လို

၂၀၂၀ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကာလအတွက် ရပ်ကွက်နေပြည်သူများမှ ထောက်ခံကြသည့် ပါတီတံဆိပ်ပါ စက္ကူအလံငယ်များ၊ လမ်းဖြတ်ဗီနိုင်းများ ချိတ်ဆွဲမည်ဆိုပါက မန္တလေးမြို့တော်စည်ပင်သာယာ၏ ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။ အလံနှင့် ဗီနိုင်းများကို လမ်းမကြီးတွေပေါ်တွင် တပ်ဆင်ချိတ်ဆွဲခွင့်မပြုဘဲ လမ်းသွယ်များတွင်သာ တပ်ဆင်ခွင့်ပြုမည်ဖြစ်သလို ချိတ်ဆွဲသည့် အလံများပေါ်မူတည်ကာ တစ်ပြကို ငွေကျပ် ၁ သောင်းနှင့် ဗီနိုင်းတစ်ခုကို ငွေကျပ် ၁သောင်းနှုန်းပေးသွင်းရန် သတ်မှတ်ထားသည်ဟု မန်းမြို့တော်စည်ပင်ကော်မတီထံမှ သိရသည်။

သတင်းနှင့်ရိုက်ကူး – ကျော်ဇေဝင်း/Myanmar Now

[youtube https://youtu.be/EG-ADUgb_aI]

Show More

Related Articles

Back to top button