
အောက်တိုဘာလ ၂၁ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၈၄လမ်းနှင့် စစ်ကိုင်းလမ်းထောင့်တွင် ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံသည့် လူအင်အား ၅၀၀နီးပါး မဲဆွယ်စည်းရုံးရေးလှည့်လည်စဉ် ရပ်ကွက်နေပြည်သူအချို့နှင့် ပြဿနာဖြစ်ပွားခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီမဲဆွယ်စည်းရုံးရေးယာဉ်များ ရပ်ကွက်ထဲဝင်လာသည့်အချိန်တွင် ရပ်ကွက်ထဲရှိ NLD ထောက်ခံသူများက NLD အလံများကိုင်ပြီး အပြန်အလှန်အားပေးနေစဉ် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူအချို့က NLDပါတီအလံများကို ဆွဲချရာမှ ပြဿနာစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
သတင်းနှင့်ရိုက်ကူး – ကျော်ဇေဝင်း/Myanmar Now
[youtube https://youtu.be/n9O7gozdyF4]