အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် NLD ကားစတစ်ကာအလှပြိုင်ပွဲ အခမ်းအနားအပြင်အဆင်များ ဖျက်ဆီးခံရ

မန္တလေးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဝန်းရံထောက်ခံသူများ စီစဉ်သည့် ကားစတစ်ကာ အလှဆင်ပြိုင်ပွဲအခမ်းအနား၏ အပြင်အဆင်များ ယမန်နေ့ (အောက်တိုဘာ ၁၉) ညက ဖျက်ဆီးခံလိုက်ရကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောသည်။

NLD ပါတီဝန်းရံသူများဖြင့် ဖွဲ့စည်းထားသော We Love Mandalay အဖွဲ့က မန္တလေးတွင် NLD ပါတီကို ထောက်ခံသည့် ပုံရိပ်ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကားများကို NLD ပါတီအမှတ်တံဆိပ်များ၊ ဒေါ်အောင်ဆန်းစုကြည်ပုံတို့ဖြင့် အလှဆင်သည့်ပြိုင်ပွဲတစ်ခုကို ယနေ့တွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

“ည ၁၂ နာရီလောက်က ဆိုင်ကယ်နဲ့ ရောက်လာပြီး ပွဲအတွက်လုံခြုံရေးစောင့်နေတဲ့ ကျွန်တော်တို့လူတွေကို နေရာကနေ ဖယ်ပေးဖို့ပြောတယ်။ ခဏကြာတော့ ကားတစ်စီးနဲ့ လူ လေး၊ ငါးယောက် ရောက်လာပြီး အခမ်းအနားအတွက် ပြင်ဆင်ထားတဲ့ ဗီနိုင်းတွေ၊ ယာယီရွက်ဖျင်တဲတွေအားလုံးကို ဖျက်ဆီးပြီး ကျုံးထဲကို ပစ်ချသွားတယ်” ဟု We Love Mandalay အဖွဲ့ဝင် ကိုစိုင်းချစ်ကောင်းက Myanmar Now ကို ပြောသည်။

ဖျက်ဆီးခံရမှုကြောင့် ခန့်မှန်းခြေတန်ဖိုး သိန်း ၅၀ ကျော် ဆုံးရှုံးမှုရှိပြီး မှတ်တမ်းများရယူကာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားထားသည်ဟု ၎င်းက ဆိုသည်။  

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဘယ်သူလုပ်တယ်ဆိုတာကတော့ နာမည်နဲ့ အတိအကျ ထုတ်မပြောလိုပေမဲ့ အဓိက ဆန့်ကျင်ဘက်အဖွဲ့အစည်း တစ်ခုက လုပ်တယ်လို့ပဲ ယူဆပါတယ်” ဟု ကိုစိုင်းချစ်ကောင်းက ပြောသည်။ 

ပြိုင်ပွဲမတိုင်မီညတွင် အခမ်းအနားအပြင်အဆင်များ ဖျက်ဆီးခံလိုက်ရသော်လည်း ယနေ့တွင် အစီအစဉ်အတိုင်း ကျင်းပနေကြောင်း၊ ပြိုင်ပွဲဝင် ကားအစီးရေ ၂၇၀ ကျော် ပါဝင်ယှဉ်ပြိုင်သည်ဟု We Love Mandalay အဖွဲ့က ဆိုသည်။

NLD ဝန်းရံသူများ၏ ကားစတစ်ကာအလှဆင်ပြိုင်ပွဲကို မန္တလေးတောင်ဘက်ကျုံးမျက်နှာစာရှိ ၂၆ လမ်းတစ်လျှောက် ပြုလုပ်နေခြင်း ဖြစ်သည်။ 

ပြိုင်ပွဲဝင်ကားများ၊ NLD အားပေးထောက်ခံသူများ အပါအဝင် လမ်းသွားလမ်းလာများကြောင့် လူစုလူဝေးဖြစ်စေကာ ကိုဗစ်နိုင်တင်း ကူးစက်မှုမြင့်တက်နေဆဲအချိန်တွင် ထိုကဲ့သို့ လူစုလူဝေး မပြုလုပ်သင့်ကြောင်း မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။ 

“ဒီကာလမှာ အလုပ်အကိုင်တွေ အများကြီးပိတ်ထားရသလို၊ အခြေခံလူတန်းစားတွေအတွက် နေ့စဉ်စားဝတ်နေရေးကို မနည်းတောင့်ခံထားကြရတယ်။ ဒီလိုအချိန်မှာ လူစုလူဝေးဖြစ်စေတဲ့ ပွဲမျိုးက မြို့အတွက် စဉ်းစားပြီး မလုပ်သင့်ဘူးလို့မြင်တယ်။ သူတို့အားပေးတဲ့ပါတီကလဲ ဒီလိုတွေ မလုပ်ဖို့ မေတ္တာရပ်ခံစာတွေ ထွက်ထားတာလဲရှိတော့ ဒါကို မလေးစားဘူးဆိုတာ ပေါ်လွင်တယ်” ဟု မန္တလေးမြို့ခံ ကိုမျိုးမင်းမင်းက ပြောသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles