
နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ည (အောက်တိုဘာ ၁၇) တွင် ထုတ်ပြန်ကြေညာလိုက်ပြီး ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်လောင်းများသည်လည်း ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးသွားပါသည်ဟု ကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။ အာဏာရ NLD နှင့် အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီတို့ကမူ နှင်းဆီပါတီကို ဖျက်သိမ်းခြင်းအားဖြင့် ၎င်းတို့၏ ပါတီအပေါ် တစ်စုံတစ်ရာ သက်ရောက်မှုရှိမည်မဟုတ်ဟု Myanmarn Now ကို ပြောကြသည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now
[youtube https://youtu.be/0IHZx0NuWGo]