
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြုပြီး မန္တလေးတိုင်း သာစည်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ရွေးကောက်ယှဉ်ပြိုင်မည့် ဦးအောင်ဇင်လင်းထိုက်ကို ဖခင်ဖြစ်သူ၏ နိုင်ငံသားအထောက်အထား မပြနိုင်၍ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းစာရင်းမှ ပြန်လည်ပယ်ဖျက်လိုက်သည်။ ယခုကဲ့သို့ ကိုယ်စားလှယ်လောင်းတစ်ဦး ပယ်ချခံရသည့်အတွက် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ ကိုယ်စားလှယ်လောင်း ၂၃၄ ဦး ရွေးကောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီအတွက် တစ်နေရာ လျော့၍ ယှဉ်ပြိုင်ရတော့မည်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ ဒုဥက္ကဋ္ဌ (၂) ဦးကျော်ဇေယျက Myanmar Now ကို ပြောသည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now
[youtube https://youtu.be/P3kPgbnGkV4]