အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ပါတီဥက္ကဋ္ဌအဖမ်းခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်နေပြည်တော်တွင် နှင်းဆီပါတီအင်အားပြလှည့်လည်

လွန်ခဲ့သော ၂၁ နှစ်က ကျူးလွန်ခဲ့သည့် ထောင်ပြေးမှုဖြင့် ပါတီဥက္ကဋ္ဌဖြစ်သူ ဦးကျော်မြင့် ဖမ်းဆီးခံထားရသော်လည်း နှင်းဆီပါတီဟု လူသိများသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP)က အောက်တိုဘာ ၇ ရက်နေ့တွင် ပါတီဗဟိုဌာနချုပ်ရှိရာ နေပြည်တော်၌ ပထမဆုံးကြိမ်အဖြစ် ရွေးကောက်ပွဲအောင်နိုင်ရေး လှည့်လည်အင်အားပြခဲ့သည်။ နေပြည်တော် ဥပ္ပါဒသန္ထိစေတီတော်ရှေ့စုရပ်တွင် လူဦးရေ ၃၀၀ ခန့်၊ မော်တော်ယာဉ် ၂၀ ခန့်၊ ဆိုင်ကယ် ၅၀ ခန့် စုရုံးခဲ့ကြပြီးနောက် နေပြည်တော်ရှိ မြို့နယ်များအတွင်း လှည့်လည်ခဲ့ကြခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now

[youtube https://youtu.be/6Y3lWofV6HE]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles