အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နေပြည်တော် လယ်ဝေးမြို့နယ်တွင် ဒေသခံ ၁၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် လယ်ဝေးမြို့နယ် ပင်သောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခံရ၊ ဌာနဆိုင်ရာဝန်ထမ်းများ အလုပ်မှ နုတ်ထွက်ရန် သတိပေးစာ ကပ်ခံရပြီးနောက် စစ်ကောင်စီက ဒေသခံ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၄ ဦးကို ယမန်နေ့ (နိုဝင်ဘာ ၂၉) တွင် ဖမ်းသွားသည်။

လယ်ဝေးမြို့နယ် အေလာမြို့ ရဲစခန်းတွင် ချုပ်နှောင်ခံထားရသူ ၁၃ ဦးအနက် ပင်သောင်ကျေးရွာနေ အသက် ၄၀ကျော်အရွယ် ကိုကြည်ဟန်၊ ကိုလှိုင်ဦး၊ ကိုမျိုးလွင်၊ မိုင်ဂျူဂျူလှိုင် တို့ပါဝင်ကြောင်း အတည်ပြုထားနိုင်သည်။

အသေးစိတ်အခြေအနေများသိနိုင်ရန် အေလာရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

“ခုဖမ်းခံထားရတဲ့သူတွေက တောင်သူတွေ၊ ရှိတဲ့အလုပ်နဲ့ ရှာစားနေတဲ့သူတွေ၊ မင်္ဂလာဆောင်ဆိုတော့ သွားပြီး ကူညီလုပ်ကိုင်ပေးနေတဲ့သူတွေ အကုန်ဖမ်းသွားတာ“ ဟု ပင်သောင်ကျေးရွာနေ အမျိုးသားက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အုပ်ချုပ်ရေးမှူးမှာ ပင်သောင်ကျေးရွာအုပ်စု ကျောက်အိုးရွာတွင် နေထိုင်ကာ အသံချဲ့စက် အငှားလိုက်သူဖြစ်ကြောင်း၊ ပင်သောင်ကျေးရွာရှိ မင်္ဂလာဆောင်သို့ သွားရောက်ပြီး အသံချဲ့စက်ဖွင့်ပေးနေစဉ် ပစ်ခတ်ခံခဲ့ရကြောင်း ထိုအမျိုးသားက ဆိုသည်။

နိုဝင်ဘာ ၁၇ ရက် ည ၇ နာရီကျော်အချိန် ပစ်ခတ်မှုတွင် အသက် ၄၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးသက်ထွန်းအောင် ယာဘက်တင်ပါး ဒဏ်ရာရခဲ့သည်။

ပစ်ခတ်ခံရပြီး နောက်တစ်နေ့တွင် ဒေသခံတချို့ ဖမ်းဆီးစစ်ဆေးခံရပြီး ပြန်လည် လွတ်မြောက်လာသည်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များသတင်းကို ရလိုသဖြင့် ထပ်မံ ဖမ်းဆီးခြင်း ဖြစ်သည်ဟု ထိုအမျိုးသားက ပြောသည်။

“အဲဒီတစ်ဝိုက်မှာ PDF ရှိနိုင်တယ်၊ မင်းတို့စစ်ဆိုပြီး အထက်က ဖိအားပေး စစ်ခိုင်းလို့ ပြန်ဖမ်းသွားတာလို့ ကြားတယ်” ဟု ၎င်းက ဆက်ပြောသည်။

ပင်သောင်ကျေးရွာသည် တော်လှန်ရေးလှုပ်ရှားမှုများ အားကောင်းသည့် ကရင်နီပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် တောင်ပေါ်ဒေသတွင် တည်ရှိပြီး ချင်းလူမျိုးအများစု နေထိုင်သည်။

ဖမ်းဆီးခံရသူတချို့နှင့် နီးစပ်သည့် လယ်ဝေးမြို့နေ ဒေသခံ အမျိုးသားတစ်ဦးကလည်း မတရားစွပ်စွဲခံရမည်ကို စိုးရိမ်ကြောင်း ပြောသည်။

“ခုက ဘယ်သူပစ်မှန်းလည်း မသိ၊ တွေ့သမျှလျှောက်ဖမ်းပြီး အထောက်အထားလည်း ရှာမတွေ့ဘဲ ဖမ်းသွားတာ၊ သိတဲ့သူတွေလည်း ရဲစခန်းကို လိုက်သွားပြီးမကူညီရဲကြဘူးလေ” ဟု ၎င်းက ဆိုသည်။

ဌာနဆိုင်ရာ ဝန်ထမ်းများ လုပ်ငန်းခွင်မှ ထွက်ခွာရန် သတိပေးထားသည့် စာများကို ပင်သောင်ကျေးရွာအုပ်စုရှိ စာသင်ကျောင်းတချို့တွင် တွေ့ခဲ့ရသည်ဟုလည်း စုံစမ်းသိရှိရသည်။

စစ်ဗိုလ်ချုပ်ကြီးများ နေထိုင်သည့် နေပြည်တော်တွင် လုံခြုံရေး အထူးတင်းကျပ်ထားလေ့ရှိသော်လည်း တိုက်ခိုက်မှုများ ရံဖန်ရံခါ ဖြစ်ပွားလေ့ရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button