အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်ဒေသလေးတစ်ဝိုက်အတွက် မဟုတ်ဘူး”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေသလိုပဲ ဗမာလူမျိုးကိုယ်စားပြု ဖွဲ့စည်းထားတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ကလည်း အဲ့ဒီတပ်တွေနဲ့အတူ ပူးပေါင်း တိုက်ပွဲဝင်နေပါတယ်။ ရက်တိုတိုအတွင်းမှာ တပ်စခန်းပေါင်း ရာနဲ့ချီပြီး စွန့်လွှတ်ရသလို၊ တပ်ရင်းလိုက် လက်နက်ချ၊ အညံ့ခံလာရတဲ့အထိ အာဏာသိမ်းစစ်တပ် အထိနာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးမှာ ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်တဲ့ BPLA လည်း ပါဝင်တိုက်ခိုက်နေတာပါ။ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA နဲ့ ရက္ခိုင့်တပ် AA တို့ မဟာမိတ် ၃ ဖွဲ့ ဦးဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းမြောက်ဒေသတစ်ဝိုက်တခုတည်းအတွက် မဟုတ်ဘဲ နွေဦးတော်လှန်ရေးတပ်တွေနဲ့အတူ ပြည်မထဲကို ဆက်လက်ထိုးဖောက်ဖို့ ကြိုးစားသွားမယ်လို့ BPLA ရဲ့ ကွပ်ကဲရေးမှူး မောင်ဆောင်းခက ပြောပါတယ်။ မဟာမိတ်ဒေသတွေမှာ တပ်တည်ဆောက်ပြီး တိုက်ပွဲအတွေ့အကြုံယူနေတဲ့ BPLA ရဲ့ အဓိကရည်မှန်းချက်ဟာ ဗမာအများစုနေထိုင်တဲ့ ပြည်မထဲကို ထိုးဖောက်ပြီး အဲ့ဒီဒေသမှာ စိုးမိုးနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ ချေမှုန်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးပြီးတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ပေါ်ပေါက်လာမယ့် အစိုးရသစ်ဆီမှာ လက်နက်အားလုံး အပ်နှံသွားမယ့် BPLA ရဲ့ နိုင်ငံရေး၊ စစ်ရေးမူဝါဒတွေ အပါအဝင် လက်နက်ချ၊ အညံ့ခံတဲ့ သုံ့ပန်းကို လုံးဝမသတ်ရဆိုတဲ့ BPLA ရဲ့ တင်းကျပ်တဲ့ စစ်စည်းကမ်းတွေနဲ့ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေရဲ့ ကွာခြားချက်နဲ့ပတ်သက်ပြီး အာဏာမသိမ်းခင်အထိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူလည်း ဖြစ်ခဲ့တဲ့ လက်ရှိ BPLA ခေါင်းဆောင် မောင်ဆောင်းခကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း – စထွန်းအောင်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button