အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ချင်းပြည်နယ်၊ လိုင်လင်းပီမြို့ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

နိုင်ငံ၏ အနောက်ဘက် ချင်းပြည်နယ်ရှိ ဒုတိယမြောက် မြို့တစ်မြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သည့် ချင်းတော်လှန်ရေးတပ်ဖွဲ့များက ယနေ့ (နိုဝင်ဘာ ၂၄) တွင် သိမ်းပိုက်လိုက်သည်။ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ရိခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ယခုလ ၁၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဆက်လက်ပြီး သိမ်းပိုက်နိုင်သည့် လိုင်လင်းပီမြို့သည် ချင်းပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နိုင်သည့် ဒုတိယမြောက်မြို့ ဖြစ်လာသည်။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ရှိ (ခလရ) ၃၀၄ စစ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်ပေါင်းစုများက သုံးရက်တိုက်ခိုက်ပြီးနောက် ယနေ့ (နိုင်ဝင်ဘာ၂၄) တွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း CNFပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Myanmar Now ကို အတည်ပြုသည်။ မေးမြန်း – ခင်ရီရီဇော်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button