နိုင်ငံ၏ အနောက်ဘက် ချင်းပြည်နယ်ရှိ ဒုတိယမြောက် မြို့တစ်မြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သည့် ချင်းတော်လှန်ရေးတပ်ဖွဲ့များက ယနေ့ (နိုဝင်ဘာ ၂၄) တွင် သိမ်းပိုက်လိုက်သည်။ အိန္ဒိယ-မြန်မာနယ်စပ်ရှိ ရိခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ယခုလ ၁၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဆက်လက်ပြီး သိမ်းပိုက်နိုင်သည့် လိုင်လင်းပီမြို့သည် ချင်းပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နိုင်သည့် ဒုတိယမြောက်မြို့ ဖြစ်လာသည်။ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ရှိ (ခလရ) ၃၀၄ စစ်တပ်စခန်းကို ချင်းတော်လှန်ရေးတပ်ပေါင်းစုများက သုံးရက်တိုက်ခိုက်ပြီးနောက် ယနေ့ (နိုင်ဝင်ဘာ၂၄) တွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း CNFပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Myanmar Now ကို အတည်ပြုသည်။ မေးမြန်း – ခင်ရီရီဇော်
Read Next
September 23, 2024
ချင်းတော်လှန်ရေးတပ်များအကြား ယာယီအပစ်ရပ်ရန်သဘောတူ
August 5, 2024
ထန်တလန်မြို့ စစ်ကောင်စီ တပ်ရင်းကို ချင်းတော်လှန်ရေးအဖွဲ့များ သိမ်းယူ
August 1, 2024
ချင်းပြည်နယ် မတူပီတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင် ၂၀၀ ကျော် ဖမ်းမိ
July 23, 2024
မတူပီမြို့စစ်သုံ့ပန်းများ၏ မိသားစုများထဲတွင် မိဘမဲ့သွားသည့် ကလေးတချို့ ပါဝင်
July 20, 2024