အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မင်းအောင်လှိုင် ဖန်တီးခိုင်းသည့် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုများ

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို အာဏာသိမ်းစစ်ကောင်စီက ကျူးကျော်စစ်လို့ သုံးနှုန်းလိုက်ပြီးတဲ့နောက် စစ်တပ်ထောက်ပံ့ထားတဲ့ အမျိုးသားရေးသမားဆိုသူတွေဟာ တရုတ်သံရုံးအထိ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ပေါ်ထင်ထင်လုပ်လာပါတယ်။ စစ်တပ်က ကာလကြာ ထောက်ပံ့ထားတဲ့ အသွင်ပြောင်းမဘသတွေက တစ်နိုင်ငံလုံးက မြို့ ၈ မြို့မှာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုပေါင်း ဆယ်နဲ့ချီပြီး ဆက်တိုက်လုပ်နေတာပါ။ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လမ်းပေါ်ထွက် ဆန္ဒမပြရဲလောက်အောင် အကြမ်းဖက်မှုမျိုးစုံနဲ့ စစ်ကောင်စီက နှိပ်ကွပ်နေချိန်မှာ တမင်ခွင့်ပြုထားတဲ့ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ မင်းအောင်လှိုင်ရဲ့ စေခိုင်းမှု သို့တည်းမဟုတ် မီးစိမ်းပြမှုကြောင့်သာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ သတင်း၊ တင်ဆက် – ကိုချို၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button