ပြီးခဲ့သည့်လက တရုတ်အစိုးရ၏ အာရုံစိုက်သဘောကျစေရေးအတွက် တရုတ်နှင့် မဟာပြိုင်ဘက် အမေရိကန်အစိုးရကို အမည်တပ်ကာ လူသိရှင်ကြားဝေဖန်ခဲ့သည့် စစ်ကောင်စီသည် ယခုလတွင်တော့ တရုတ်မုန်းတီးရေးလှုပ်ရှားမှုကို ထပ်မံအသက်သွင်းပြန်သည်။ ၁၀၂၇ စစ်ဆင်ရေးကို စစ်ကောင်စီက “ကျူးကျော်စစ်” ဟု သတ်မှတ်ပြီးနောက် တစ်ချိန်တည်းတွင် စစ်တပ်က ကာလရှည်ကြာ ထောက်ပံ့ထားသည့် ‘အမည်ပြောင်း မသဘ’ များက ရန်ကုန်ရှိ တရုတ်သံရုံးအထိ ချီတက်ကာ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပေါ်ပေါ်တင်တင်ပြုလုပ်လာသည်။ စစ်ကောင်စီ ဖန်တီးနေသည့် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦး ကို ဆက်သွယ်မေးမြန်းထားသည်။
နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း
Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။
Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။
မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။



