ရုပ်သံသတင်း

ရက္ခိုင့်တပ် သိမ်းပိုက်ခဲ့သည့် ပေါက်တောမြို့ကို လေတပ်၊ ရေတပ်ဖြင့် စစ်တပ်ပစ်ခတ်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် ကပ်လျက်တည်ရှိသည့် ပေါက်တောမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီက ထိုမြို့ကို လေကြောင်း၊ ရေကြောင်းဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် မြို့ခံများ ထွက်ပြေးနေရသည်။ မြို့လယ်ရှိ ပေါက်တောမြို့မရဲစခန်းနှင့် မြို့နယ်ရဲစခန်းကို AA က ယမန်နေ့ (နိုဝင်ဘာ ၁၅ )၊ ည ၁၀ နာရီကျော်ခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အင်အားပေါင်းထားသော ရဲ ၇၀ ခန့် လက်နက်ချခဲ့သည်ဟု ရဲစခန်းနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၉ နာရီခွဲခန့်က ရဟတ်ယာဉ်များ ရောက်လာပြီး ရဲစခန်းအနီးပတ်ဝန်းကျင်ကို ပစ်ခတ်ကြသည်၊ လူနေအိမ်တချို့ ပျက်စီးသွားသော်လည်း လူထိခိုက်မှု မရှိခဲ့ဟု သိရသည်။ ယနေ့ ညနေ ၃ နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် စစ်ရေယာဉ်တစ်စီးသည် ကုလားတန်မြစ်နှင့် ကျွဲကူးမြစ်ဆုံရာ တောင်းဖူးရွာအနီး ကျောက်ချ၍ ပေါက်တောမြို့ပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သတင်း၊ တင်ဆက် – ရောင်နီ၊ ဟန်သစ်

Show More

Related Articles

Back to top button