အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရက္ခိုင့်တပ် သိမ်းပိုက်ခဲ့သည့် ပေါက်တောမြို့ကို လေတပ်၊ ရေတပ်ဖြင့် စစ်တပ်ပစ်ခတ်

ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် ကပ်လျက်တည်ရှိသည့် ပေါက်တောမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီက ထိုမြို့ကို လေကြောင်း၊ ရေကြောင်းဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် မြို့ခံများ ထွက်ပြေးနေရသည်။ မြို့လယ်ရှိ ပေါက်တောမြို့မရဲစခန်းနှင့် မြို့နယ်ရဲစခန်းကို AA က ယမန်နေ့ (နိုဝင်ဘာ ၁၅ )၊ ည ၁၀ နာရီကျော်ခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အင်အားပေါင်းထားသော ရဲ ၇၀ ခန့် လက်နက်ချခဲ့သည်ဟု ရဲစခန်းနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၉ နာရီခွဲခန့်က ရဟတ်ယာဉ်များ ရောက်လာပြီး ရဲစခန်းအနီးပတ်ဝန်းကျင်ကို ပစ်ခတ်ကြသည်၊ လူနေအိမ်တချို့ ပျက်စီးသွားသော်လည်း လူထိခိုက်မှု မရှိခဲ့ဟု သိရသည်။ ယနေ့ ညနေ ၃ နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် စစ်ရေယာဉ်တစ်စီးသည် ကုလားတန်မြစ်နှင့် ကျွဲကူးမြစ်ဆုံရာ တောင်းဖူးရွာအနီး ကျောက်ချ၍ ပေါက်တောမြို့ပေါ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သတင်း၊ တင်ဆက် – ရောင်နီ၊ ဟန်သစ်

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button