
ပြည်ခိုင်ဖြိုးပါတီ၏ မိတ္ထီလာမြို့ မဲဆွယ်စည်းရုံးရေးတွင် ရာနှင့်ချီသော စီတန်းလှည့်လည်သူများအနက် အချို့သောသူများက သာသနာ့အလံများ ကိုင်ဆောင်ခဲ့ခြင်း၊ အရက်သေစာသောက်စားထားခြင်း၊ အခြားပါတီအမှတ်တံဆိပ် အသုံးပြုထားသူများကို ရန်စနှောင့်ယှက်ခြင်းများ ပြုခဲ့သည့်အတွက် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခံထားရသည်။ ပြည်ခိုင်ဖြိုးပါတီ၏ မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်လောင်း ဒေါက်တာမောင်သင်းကမူ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာနေကြောင်း၊ ရွေးကောက်ပွဲကော်မရှင်က မေးမြန်းလာလျှင်လည်း ၎င်းတို့စီမံဆောင်ရွက်ခြင်းမဟုတ်သည်ကို ဖြေရှင်းမည်ဟု ပြောသည်။
သတင်းနှင့်ရုပ်သံ – မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now
[youtube https://youtu.be/EoXStVjtjnY]