တိုက်ပွဲများ တစ်နှစ်ကြာ ရပ်တန့်နေသည့် ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်ခံရသည့် ယနေ့ (နိုဝင်ဘာ ၁၃) နံနက်ပိုင်းက စတင်ကာ တစ်ကျော့ပြန်တိုက်ပွဲများ စတင်ဖြစ်ပွားနေသည်။ ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နှင့် ချိန်ခါနီ နယ်ခြားစောင့်ရဲစခန်း နှစ်ခုကို ရက္ခိုင့်တပ် (AA) က ယနေ့နံနက် ၅ နာရီတွင် တစ်ပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည်၊ မင်းပြားမြို့နယ်တွင် စစ်ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရသလို ကျောက်တော်မြို့နယ်တွင်လည်း ရဲစခန်းတစ်ခုလုံး AA ထံ လက်နက်ချခဲ့သည်ဟု သိရသည်။ ထို့ပြင် အာဏာသိမ်းစစ်တပ် လက်အောက်ခံ အရာရှိတစ်ချို့ကိုလည်း ဖမ်းမိထားသည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက Myanmar Now ကို ပြောသည်။
သတင်း၊ တင်ဆက် – ဟန်သစ်
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။