အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“ခဲယမ်းမီးကျောက် အကူအညီတွေ ကျွန်တော်တို့ဘက်မှာ အင်မတန် ခက်ခဲတယ်” – ပဒိုစောတောနီး၊ KNU

၂ ပတ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းပေါင်း ရာနဲ့ချီ သိမ်းပိုက်နိုင်ခဲ့ပြီး အနည်းဆုံး မြို့ကြီး ၄ မြို့ကို ထိန်းချုပ်နိုင်တဲ့အထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးက အရှိန်အဟုန်နဲ့ ဆက်လက်ပြီး အောင်မြင်နေပါတယ်။ အခုဆိုရင် ၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်ခံနေရပြီး မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေကို ဆက်တိုက် ဆင်နွှဲနေကြပါပြီ။ ဒီလိုအခြေအနေတွေမှာ နိုင်ငံတောင်ပိုင်းက ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ကရင့်အမျိုးသားအစည်းအရုံး KNU ကလည်း ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရန်ကုန် အင်းစိန်အထိ သိမ်းပိုက်ခဲ့ဖူးတဲ့ ဝါရင့်ကရင့်လက်နက်ကိုင်အဖွဲ့အနေနဲ့ ၁၀၂၇ လိုမျိုး စစ်ဆင်ရေးတွေ ဦးဆောင်ဆင်နွှဲသွားဖို့ ရှိလာနိုင်မလား။ လက်နက်၊ ခဲယမ်း လိုအပ်ချက်ကကော KNU အတွက် ဘယ်လောက် စိန်ခေါ်မှုရှိနေပါသလဲ။ စစ်အာဏာရှင်ကို ဘယ်နည်းဘယ်ပုံ ဆက်လက် တိုက်ခိုက်သွားမှာပါလဲ….။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ မေးမြန်း၊ တင်ဆက် – လင်းထင်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe… လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button