အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွာသားများအား ပစ်သတ်ခဲ့သည့် RCSS တပ်သားများအား ထိရောက်သည့် ပြစ်ဒဏ်ပေးရန် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ တောင်းဆို

 (ရန်ကုန်) – ပအိုဝ်း ရွာသားများအား ပစ်သတ်ခဲ့သည့် RCSS တပ်ဖွဲ့ဝင်များအား ထိရောက်သည့် ပြစ်ဒဏ်များချမှတ်ရန် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO က ရှမ်းတပ် RCSS ခေါင်းဆောင်များကို တောင်းဆိုလိုက်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် – တောင်ပိုင်း (RCSS/SSA) တပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁၁ တွင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စုရှိ ရွာသားများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် လိုက်လံကယ်တင်သည့် အခြားရွာသားများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းတပ်နှင့် ပအိုဝ်းရွာသားများအကြား ထိပ်တိုက်တွေ့ဆုံခဲ့သည့် ယင်းပဋိပက္ခတွင် ပအိုဝ်းရွာသား ၅ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး အခြား ၃ဦးသည် လွိုင်လင်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူနေရသည်။

“ကျွန်တော်တို့ကတော့ ပစ်ခတ်သူတွေကို အရေးယူပေးဖို့ကို အဓိကတောင်းဆိုထားတယ် ” ဟု RCSS ၏ တောင်ကြီးမြို့ဆက်ဆံရေးတာဝန်ခံနှင့် ၄င်းတို့၏တောင်ကြီးရုံးတွင် ယမန်နေ့က တွေ့ဆုံခဲ့သည့် အခြေအနေကို ပအိုဝ်းပြည်သူ့စစ် အဖွဲ့၏တွဲဖက်ကွပ်ကဲရေးမှူး (၁) ဗိုလ်မှူးအောင်သန်းက ပြောသည်။

နှစ်ဖက် ပဋိပက္ခဖြစ်ရသည်မှာ ၄င်းတို့တပ်သားများ၏ သေနတ်များကို ရွာသားများက လုယူပြီး ဓားဖြင့် တိုက်ခိုက်ခြင်းကြောင့် ဖြစ်ကြောင်း RCSS ဆက်ဆံရေးတာဝန်ခံ ဦးစိုင်းအောင်ဌေးက အကြောင်းပြခဲ့သည်ဟု ဗိုလ်မှူးအောင်သန်းက ပြောသည်။

ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်၍ နှစ်ဖက်အဖွဲ့အစည်းအသီးသီးက အပြန်အလှန်ပြစ်တင်ဝေဖန်နေကြသော်လည်း ပြဿနာ၏ အရင်းအမြစ်ကို အတိအကျသိရန် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် လိုအပ်ကြောင်း RCSS ဆက်ဆံရေးတာဝန်ခံ ဦးစိုင်းအောင်ဌေးက ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button