
ဆင်းရဲနွမ်းပါးသူများကို နိုင်ငံတော်မှထောက်ပံ့ငွေ ကျပ်နှစ်သောင်းလာပေးသည့် NLD အမတ်ကို လူ ၂၀၀ ခန့် လူစုလူဝေးဖြစ်ပေါ်စေမှုဖြင့် တိုင်ရန် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ရုံးသို့ ခေါ်ယူစည်းရုံးခံခဲ့ရပြီး ငြင်းဆန်ခဲ့သော်လည်း လက်မှတ်အတုများအသုံးပြု၍ တိုင်ကြားသူစာရင်းတွင် ထည့်သွင်းခံခဲ့ရကြောင်း နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ စိုက်ခင်း (၃) ကျေးရွာ ရပ်မိရပ်ဖများက Myanmar Now ကို ပြောသည်။
ဒက္ခိဏသီရိမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ဩဂုတ် ၁၇ရက် နံနက်ပိုင်းတွင် ရွာခံ ဦးကျော်ကျော်က ခေါ်ယူသဖြင့် သွားရောက်ရာတွင် ထိုသို့တိုင်တန်းမည်ဆိုသဖြင့် သဘောမတူကြောင်း ပြောပြီး လက်မှတ်မထိုးဘဲ ပြန်ခဲ့ခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖသုံးဦးက Myanamr Now ကို အတည်ပြုသည်။
အထက်ပါ ရပ်မိရပ်ဖများအပြင် ကျေးရွာအတွင်း Myanmar Now က တွေ့ခွင့်ရခဲ့သည့် ရွာသူ၊ ရွာသား ၁၅ ဦးကလည်း တိုင်စာ၌ “ကိုယ်တိုင်ပါဝင်တိုင်ကြားသူများ၏ အမည်နှင့် လက်မှတ်များ” ခေါင်းစဉ်အောက်တွင် ပါဝင်သည့် လက်မှတ်များမှာ ၎င်းတို့၏ ထိုးမြဲလက်မှတ်များမဟုတ်ဘဲ အလွဲသုံးခံရခြင်းသာဖြစ်ကြောင်း ပြောကြသည်။
သတင်းနှင့်ရိုက်ကူး- ဉာဏ်လှိုင်လင်း၊ မင်းမင်း/Myanmar Now
[youtube https://youtu.be/PtUWhA9DTyM]