အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြည်တွင်းကူးစက်မှုမြင့်မားနေသည့် စစ်တွေ၌ အိမ်တွင်နေထိုင်ရန် အမိန့်ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် ထိန်းချုပ်ရန်ခက်ခဲသော ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းပေါ်ပေါက်လာနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယမန်နေ့တွင် သတိပေးခဲ့ပြီးနောက် စစ်တွေ့မြို့တွင် နေအိမ်တွင်း၌သာ နေထိုင်ရန် (Stay at home) အမိန့်ကို ယနေ့ည ၈ နာရီတွင် ထုတ်ပြန်လိုက်သည်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ညပိုင်းထုတ်ပြန်ချက်အရ စစ်တွေမြို့မှပင် အတည်ပြုလူနာ ၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ငါးရက်တာအတွင်း ပြည်တွင်းကူးစက်သူ ၉ ဦးအထိ ရှိခဲ့ခြင်းဖြစ်သည်။  

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်နိုင်တင်းကပ်ရောဂါ စတင်ကျရောက်ချိန်မှ ယနေ့အချိန်အထိ အတည်ပြုလူနာ ၂၅ ဦးအထိရှိပြီး နေအိမ်တွင်း၌သာ နေထိုင်ရန်အမိန့်သည် ယနေ့ည ၈ နာရီမှ စတင်သက်ရောက်ကြောင်း ဝန်ကြီးဌာနက သီးခြားထုတ်ပြန်ထားသည်။ 

အတည်ပြုလူနာများအနက် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဝန်ထမ်းတစ်ဦးလည်းပါရှိခဲ့ရာ အစိုးရအဖွဲ့ တာဝန်ရှိသူအချို့ကို အသွားအလာကန့်သတ်ထားပြီး စစ်တွေမြို့တွင်း၌ နှာခေါင်းစည်းမတပ်ပါက ငွေကျပ် ၁၀၀၀ ဒဏ်ရိုက်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ကြေညာထားသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ယမန်နေ့က ကိုဗစ်နိုင်တင်း (Covid-19) ထိန်းချုပ်ရေးနှင့် အရေးတုံ့ပြန်ရေးကော်မတီ အစည်းအဝေးပြုလုပ်ပြီးနောက် ပိုးတွေ့လူနာများ နေထိုင်ခဲ့ရာလမ်းများကို ပိတ်ထားရန် (Lockdown) နှင့် လမ်းသွားလမ်းလာများ နှာခေါင်းစည်းမတပ်ပါက ဒဏ်ရိုက်ရန် ဆုံးဖြတ်ခဲ့သည်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောသည်။ 

“ပြည်သူတွေအနေနဲ့ Mask (နှာခေါင်းစည်း) တပ်ပြီးမှ လမ်းထွက်ဖို့၊ မလိုအပ်ဘဲ လမ်းမထွက်ဖို့။ ဒါတွေကတော့ ငါတို့ ကြေညာထားတယ်။ ကြေညာထားသလိုပဲ၊ မနက်ဖြန်ကျရင် မတပ်တဲ့သူတွေကို ဖမ်းတော့မယ်။ ဖမ်းပြီးတော့ ဒဏ်ရိုက်မယ်”ဟု ၎င်းက ယနေ့တွင် ပြောသည်။ 

ပိုးတွေ့လူနာနှင့် တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိသော်လည်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဝန်ကြီးတစ်ဦးကို ဓာတ်ခွဲအတည်ပြုစစ်ဆေးနိုင်ရန် နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်များ ရယူထားသည်ဟုလည်း ဦးဝင်းမြင့်က ပြောသည်။

“သူတို့ကို Swab (တို့ဖတ်) နမူနာ ယူစစ်ရတယ်။ တိုက်ရိုက်ထိတွေ့တာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ အစည်းအဝေးခန်းထဲကို အဝင်အထွက်ရှိတယ်ဆိုတဲ့ဟာနဲ့ ယူထားလိုက်တာ” ဟု ၎င်းက ပြောသည်။ 

ယနေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ပိုးတွေ့လူနာ ၃ ဦးမှာ မည်သူမည်ဝါမသိရသေးသော်လည်း ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည့် ပိုးတွေ့လူနာနှစ်ဦးမှာ စစ်တွေမြို့ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဩဂုတ် ၂၀ အထိ စာရင်းများအရ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် အတည်ပြုလူနာ ၃၉၉ ဦး ရှိပြီး သေဆုံးသူ ခြောက်ဦးရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button