
၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး နှစ်နေရာဖြစ်သည့် ကရင်နဲ့ ရခိုင်အတွက် ကိုယ်စားလှယ်လောင်း ၁၃ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နာမည်ကြီး နိုင်ငံရေးသမားများ ပါဝင်လာသဖြင့် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည်။
ကရင်တိုင်းရင်းသားဝန်ကြီးနေရာအတွက် စူဇန်နာနော်လှလှစိုးနှင့် နော်အုန်းလှမှာ အဓိကပြိုင်ဘက်ဖြစ်လာနိုင်သလို ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဒေါ်ထုမေနှင့် ဦးတင်ထူးအောင်မှာ အဓိကပြိုင်ဘက်ဖြစ်လာနိုင်သည်။
သတင်းနှင့်ရိုက်ကူး – ဇေယျာမော်/Myanmar Now
[youtube https://youtu.be/evJZqWmy8KM]



