လက်ယက်ကုန်းစာသင်ကျောင်းလေး ကမ္ဘာပျက်သည့်နေ့
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာက စာသင်ကျောင်းလေးမှာ ကလေးတွေရဲ့ စာဖတ်သံတွေ၊ ဆော့ကစားသံတွေ တိတ်ဆိတ်သွားခဲ့တာ ဒီကနေ့ဆိုရင် တစ်နှစ်တင်းတင်း ပြည့်သွားပါပြီ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၉ မှာ စစ်ကောင်စီရဟတ်ယာဉ်နှစ်စီးက ရုတ်တရက်ရောက်လာပြီး ဒီစာသင်ကျောင်းကို စစ်မြေပြင်တစ်ခုလို သဘောထားပြီး ပစ်ခတ်ခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီ လက်ချက်ကြောင့် ကလေး ၇ ဦး၊ လူကြီး ၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
သတင်း၊ တင်ဆက် – သူရမောင်