ရုပ်သံသတင်း

ပြည်ခိုင်ဖြိုးဥက္ကဋ္ဌနှင့် ယခင်အစိုးရဝန်ကြီးဟောင်းအချို့ နေပြည်တော်ကပြိုင်မည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်တွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဝန်ထမ်းအများဆုံးနေထိုင်သည့် ဇဗ္ဗူသီရိမြို့နယ်တွင် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်၊ ဥတ္တရသီရိမြို့နယ်တွင် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးဝင်းရှိန်နှင့် ဒက္ခိဏသီရိမြို့နယ်တွင် လယ်/ဆည်ဝန်ကြီးဟောင်း ဦးမြင့်လှိုင်တို့က ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ပြိုင်ဘက်များက မည်သူဖြစ်စေကာမူ စိုးရိမ်မှုမရှိသော်လည်း ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကြိုးစားအားထုတ်ရမည်ဖြစ်ပြီး အထူးသဖြင့် တပ်မတော်သားများနှင့် တပ်မိသားစု အများဆုံးရှိရာ ဇေယျာသီရိမြို့နယ်တွင် ပိုမိုကြိုးစားရမည်ဟု NLD ဘက်က ပြောသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now

[youtube https://youtu.be/SiZXiCC3tJk]

Show More

Related Articles

Back to top button