အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာဘဏ်နှစ်ခုကို အရေးယူရန် ဩစတေးလျအစိုးရကို ရှောင်တာနယ်တောင်းဆို

စစ်လက်နက်ဝယ်ယူနိုင်ရေး အာဏာသိမ်းစစ်တပ်အတွက် အဓိက အထောက်အပံ့ဖြစ်နေသည့် နိုင်ငံပိုင် မြန်မာဘဏ်နှစ်ခုကို ဒဏ်ခတ်အရေးယူရန် စီးပွားရေးပညာရှင် ရှောင်တာနယ်က ဩစတြေးလျအစိုးရကို တောင်းဆိုလိုက်သည်။

နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) တို့ကို အမေရိကန်နည်းတူ ဩစတြေးလျက ပိတ်ဆို့အရေးယူသင့်ပြီဖြစ်ကြောင်း ရှောင်တာနယ်က ယနေ့ (စက်တင်ဘာ ၁၂) ပြောသည်။

“အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက် စစ်ရာဇဝတ်တွေ ကျူးလွန်ရာမှာ အခရာကျတဲ့ဌာနတွေဖြစ်ပါတယ်။ MFTB နဲ့ MICB ကို အရေးဒဏ်ခတ်လိုက်ခြင်းဟာ ထိရောက်မှုရှိသလို၊ မြန်မာစစ်တပ်အပေါ် တိကျတဲ့ ပစ်မှတ်ထားအရေးယူတာဖြစ်ပြီး ဩစတြေးလျအစိုးရအနေနဲ့ မဟာမိတ်နိုင်ငံတွေအတိုင်း လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူ ရှောင်တာနယ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံရကာ လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အသက် ၅၉ နှစ်အရွယ် ဩစတြေးလျနိုင်ငံသားကို စစ်ကောင်စီက အစိုးရလျှို့ဝှက်ချက်ပေါက်ကြားမှု၊ ဗီဇာစည်းကမ်းဖောက်ဖျက်မှုဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးပုဒ်မတို့ဖြင့် ထောင် ၃ နှစ် ချခဲ့သည်။

ဩစတြေးလျအခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် Finance Sector Union ၏ အထွေထွေအတွင်းရေးမှူး Julia Angrisano က ရှောင်တာနယ်၏ တောင်းဆိုချက်ကို ထောက်ခံသည်ဟု ထုတ်ဖော်ပြောဆိုသည်။

“ဩစတြေးလျအစိုးရက နောက်ကျနေဆဲပါ။ အခုအချိန်မှာတော့ ဩစတြေးလျအစိုးရအနေနဲ့ မြန်မာစစ်တပ်အောက်က နိုင်ငံပိုင်ဘဏ်တွေကို အရေးယူဖို့ အချိန်တန်နေပါပြီ” ဟု Julia Angrisano က ပြောသည်။

အာဏာသိမ်းစစ်တပ်က စစ်လက်နက်ပစ္စည်းများဝယ်ယူရေး အသုံးပြုနေသည်ဆိုကာ နိုင်ငံပိုင် MICB ဘဏ်နှင့် MFTB ဘဏ်တို့ကို ပိတ်ဆို့အရေးယူကြောင်း ယခုနှစ် ဇွန်လတွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က ကြေညာခဲ့သည်။

အမေရိကန်က အရေးယူပြီးနောက် စင်ကာပူရှိ UOB ဘဏ်က မြန်မာနှင့်ဆိုင်သည့် ငွေလွှဲဝန်ဆောင်မှုများကို စတင်ကန့်သတ်ခဲ့သည့်နည်းတူ ဘင်္ဂလားဒေ့ရှ်ရှိ Sonali ဘဏ်ကလည်း မြန်မာပိုင်ဘဏ်နှစ်ခု အပ်နှံထားသည့် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကို ထုတ်ယူခွင့်မပေးဘဲ ပိတ်ဆို့ခဲ့သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button