အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

စစ်တပ်ရဲ့ လက်ကိုင်တုတ် ဖြစ်သွားတဲ့ ရဲတပ်ဖွဲ့

“အရင်ထဲက ရဲတပ်ဖွဲ့ဆိုရင် သူတို့က ညီနောင်တပ်ဖွဲ့ဆိုပြီး ကြားကောင်းအောင် ခေါ်တာ။ အမှန်ကတော့ တစ်ဆင့်နှိမ့်ပြီးတော့ ဆက်ဆံတာ”

ထိုင်းတော်ဝင်ရဲအကယ်ဒမီမှာ ၄ နှစ် ပညာသင်ယူခဲ့သလို ဩစတြေးလျနိုင်ငံမှာ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ မဟာဘွဲရရှိခဲ့တဲ့ ဒုရဲမှူးကျော်စန်းဟန်ဟာ အာဏာသိမ်းမှုကို လက်မခံဘဲ စစ်ကောင်စီလက်အောက်ကနေ စွန့်ခွာပြီး ပြည်သူ့ဘက် ရပ်တည်လိုက်ပါတယ်။ မြန်မာနိုင်ငံက ရဲအရာရှိတွေထဲမှာ ထိုင်းတော်ဝင်ရဲအကယ်ဒမီ တက်ရောက်ခွင့်ရသူဟာ လက်ရှိအချိန်အထိ ၈ ဦးသာ ရှိပါတယ်။ အဲ့ဒီ ၈ ဦးထဲမှာ ဒုရဲမှူးကျော်စန်းဟန်က ပထမဦးဆုံး တက်ရောက်ခွင့်ရသူ ရဲအရာရှိအဖြစ် ပညာထူးချွန်သူ ဖြစ်ပါတယ်။ ရဲလုပ်သက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ လူကုန်တားဌာနက ဒုရဲမှူးဟာ ၂၀၂၁ အာဏာသိမ်းတဲ့အချိန်က အင်းစိန် CID မှာ စုံထောက်အရာရှိသင်တန်းကို တက်ရောက်နေတာဖြစ်ပါတယ်။ သူ့ကို ဒုရဲမှူးအဆင့် အပွင့်တင်ပေးခဲ့သူ CID ကျောင်းအုပ် ဒုရဲမှူးကြီး ဇော်ဝင်းကို ကိုလည်း စစ်ကောင်စီက ဖမ်းဆီး၊ ထောင်ချထားပါတယ်။ ဆန္ဒပြပြည်သူတွေကို စစ်တပ်က ဖြိုခွင်းတာဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ လူမှုကွန်ရက်ကနေ ဝေဖန်ခဲ့သူ ဒုရဲမှူးကြီးကို စစ်တပ်ပြီး ဖမ်းဆီးပြီး ထောင် ၃ နှစ်ချခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒုရဲမှူးကျော်စန်းဟာ ပါရဂူဘွဲ့ထပ်တက်ဖို့ အကြောင်းပြချက်နဲ့ ထိုင်းနိုင်ငံကို ထွက်လာပြီး အခုနှစ်ဆန်းပိုင်းက စစ်ကောင်စီလက်အောက်ကနေ ရုန်းထွက်ခဲ့တာပါ။ မိသားစုတွေ လုံခြုံရေးကြောင့် ဘေးလွတ်ရာ အရင်ထွက်ခဲ့ပြီးမှ CDM ဝင်ခဲ့တာလို့ သူက ပြောပါတယ်။ အခုဆိုရင် ဒုရဲမှူးကျော်စန်းဟန်ဟာ ဂျပန်နိုင်ငံမှာ ရောက်ရှိ ခိုလှုံနေပါတယ်။ သူဘာကြောင့် CDM ဝင်ခဲ့တာပါလဲ၊ NLD အစိုးရလက်ထက်က ‌ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကော ဘယ်လိုအခြေအနေ ရှိပါသလဲ။ ရဲတပ်ဖွဲ့ဆိုရင် တစ်ဆင့်နှိမ့်ပြီး ဆက်ဆံတဲ့ စစ်တပ်ဟာ အခု အာဏာသိမ်းပြီးနောက်မှာ ရဲတပ်ဖွဲ့တွေကို ဘယ်လို အသုံးချနေပါသလဲ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒုရဲမှူးကျော်စန်းဟန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း၊ တင်ဆက် – အောင်နိုင်၊ သူရမောင်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles