အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကုမ္ပဏီအကျိုးစီးပွားရှုပ်ထွေးမှုရှိသူများ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ရမည်ဟုဆို

ပုဂ္ဂလိကကုမ္ပဏီများတွင် ဦးဆောင်သူ သို့မဟုတ် ရှယ်ယာရှင်ဖြစ်နေသည့် အစိုးရဝန်ထမ်းများရှိမရှိကို မသိဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပြောသော်လည်း အကျိုးစီးပွားရှုပ်ထွေးမှုရှိလျှင် ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ရမည်ဟု သတိပေးလိုက်သည်။ နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံ့တာဝန်နှင့် ပုဂ္ဂလိကအကျိုးစီးပွားရှုပ်ထွေးမှု မရှိစေရန် မည်သို့ညွှန်ကြားချက်များရှိသည်ကို သိလိုကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ဒုတိယဝန်ကြီး ဦးတင်မြင့်ထံ Myanmar Now က မေးမြန်းခဲ့ခြင်းဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း/Myanmar Now

ရိုက်ကူး-မင်းမင်း/Myanmar Now

[youtube https://youtu.be/OLBDyfpAQtk]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button