
ပုဂ္ဂလိကကုမ္ပဏီများတွင် ဦးဆောင်သူ သို့မဟုတ် ရှယ်ယာရှင်ဖြစ်နေသည့် အစိုးရဝန်ထမ်းများရှိမရှိကို မသိဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပြောသော်လည်း အကျိုးစီးပွားရှုပ်ထွေးမှုရှိလျှင် ဝန်ထမ်းအဖြစ်မှ နုတ်ထွက်ရမည်ဟု သတိပေးလိုက်သည်။ နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံ့တာဝန်နှင့် ပုဂ္ဂလိကအကျိုးစီးပွားရှုပ်ထွေးမှု မရှိစေရန် မည်သို့ညွှန်ကြားချက်များရှိသည်ကို သိလိုကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ဒုတိယဝန်ကြီး ဦးတင်မြင့်ထံ Myanmar Now က မေးမြန်းခဲ့ခြင်းဖြစ်သည်။
သတင်း-ဉာဏ်လှိုင်လင်း/Myanmar Now
ရိုက်ကူး-မင်းမင်း/Myanmar Now
[youtube https://youtu.be/OLBDyfpAQtk]