ရုပ်သံသတင်း

မင်းအောင်လှိုင်ဘုရားအနီးရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် အိမ်များ ဖျက်ခံရ

နေပြည်တော်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တည်နေသည့် ကျောက်ဆစ်ရုပ်ပွားတော်ရှိရာ မာရဝိဇယ ဗုဒ္ဓဥယျာဉ်အနီးရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် စုစုပေါင်း ၅၀၀ ကျော် ဖယ်ရှားခံရသည်။ ရန်အောင်မြင်ကြိုးဝိုင်းဧရိယာ သစ်တောမြေတွင် ပါဝင်နေသည်၊ စီမံကိန်းလုပ်ရန်ရှိသည်ဟု အကြောင်းပြ၍ ဒက္ခိဏမြို့နယ်အတွင်းရှိ မာရဝိဇယတောင်ဘက် တစ်မိုင်ကျော် အကွာမှ အိမ်ခြေ ၄၇၉ လုံးရှိသည့် သဲဖြူရွာ၊ ဘုရားသို့ သွားနိုင်သည့် မြို့ပတ်လမ်းတစ်လျှောက်ရှိ ကျူးကျော်တဲ ၁၀၀ ထက်မနည်း ဖျက်သိမ်းခံရခြင်းဖြစ်သည်။ ဇွန် ၁၀ ရက်နေ့တွင် စစ်ကောင်စီ၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေအုပ်) က အိမ်များ တစ်ပတ်အတွင်း ဖယ်ရှားရန် စာပို့ အကြောင်းကြားခဲ့သည်။ ဇွန် ၂၁ ရက်မှစ၍ လေးရက်အတွင်း ထွေအုပ်၊ စည်ပင်၊ ရဲ၊ စစ်သား အင်အား ၁၀၀ ဝန်းကျင်က အထက်ပါ နေရာများကို အပြီးဖျက်သိမ်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။

သတင်း၊ တင်ဆက် – ဟန်သစ်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button