သတင်း

ပုဏ္ဏားကျွန်းမြို့ ဒေသခံ ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

ရန်ကုန်၊ ဧပြီ ၂၄

တပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်လိုက်သည့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် မှ ဒေသခံ အမျိုးသား  ဦးကို ရဲတပ်ဖွဲ.က ထောင်တစ်သက်ကျစေနိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လိုက်သည်။ 

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာမှ ဖမ်းဆီးခံရသူ ထို  ဦးကို တပ်မတော်က ဧပြီ ၂၃ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီးနောက်  အဆိုပါရဲစခန်းက အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

ဖမ်းဆီးခံရသူများကို အမှုဖွင့်ထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀() သည် ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ငွေဒဏ်ချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်ပြီး ပုဒ်မ ၅၂(က) သည် အနည်းဆုံးထောင်ဒဏ် နှစ်မှ အများဆုံးထောင်ဒဏ် နှစ်အထိ ချမှတ်နိုင်သည်။

ကျောက်ဆိပ်ရွာသည် ဧပြီ ၁၃ ရက်က ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ရွာသား ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့သည့်ရွာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့၏မြောက်ဘက် မိုင်အကွာတွင်ရှိသည်။

ထိုသို့လက်နက်ကြီးပေါက်ကွဲပြီး ရက်အကြာ ဧပြီ ၁၉ ရက် မနက် နာရီခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ရွာအတွင်း ဝင်ရောက်လာကာ ရွာသားများကို စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် နေ့လယ် နာရီခန့်တွင် ရွာသား ၃၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု လွှတ်တော်အမတ် ဦးခင်မောင်လတ်က ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အဆိုပါ ကျောက်ဆိပ်ရွာသားများကို ဖမ်းဆီးခဲ့သည်မှာ မှန်ကန်ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် ပတ်သက်နေသည်ဟု ယူဆရသည့် မသင်္ကာစရာအချက်များ တွေ့ရှိရသည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ပြီးခဲ့သည့် ဧပြီ ၂၀ ရက်က ဧရာဝတီသတင်းဌာနကို ဖြေဆိုထားခဲ့သည်။

အဆိုပါ ၃၈ ဦးထဲမှ ၃၃ ဦးကို ဧပြီ ၂၀ ရက်က ပြန်လွှတ်ပေးခဲ့ပြီး ကိုမျိုးလင်းဦး (၂၄ နှစ်) ကိုညီညီအောင် (၂၄ နှစ်) မောင်ချေ (၂၇ နှစ်) ကျော်ဝင်းဟိန်း (၂၂ နှစ်) နှင့် မျိုးမင်းအောင် (၂၆ နှစ်) တို့ကို ဆက်လက်ဖမ်းဆီးထားခဲ့ကာ ယခုလို ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု ကျောက်ဆိပ်ရွာသားများက အတည်ပြုသည်။

အဆိုပါ ဦးထဲမှ ကိုကျော်ဝင်းဟိန်းမှာ ဇီးပင်ကြီးရွာမှဖြစ်ပြီး ကိုမျိုးမင်းအောင်ကတော့ ပုဏ္ဏားကျွန်းမြို့ပေါ်မှဖြစ်ကာ ဖမ်းဆီးသည့်နေ့က ရွာသို့ ခေတ္တအလည်ရောက်နေသူများဖြစ်သည်ဟု ရွာခံများကပြောသည်။

ကျောက်ဆိပ်ရွာသား ဦးစိုးသိန်းမောင်က ၎င်း၏တူ ကိုညီညီအောင်မှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဆန်စက်တွင် ဆန်အိတ်ထမ်းကာ မိသားစုနှင့် အတူတူလုပ်ကိုင်စားသောက်နေခြင်းသာဖြစ်ပြီး AA အဖွဲ့နှင့် ပတ်သက်ခြင်းမရှိဟုဆိုသည်။

၎င်းတို့ ဦးကို ယမန်နေ့ နေ့လယ်  နာရီခန့်က ပုဏ္ဏားကျွန်းရဲစခန်းကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များက ရဲစခန်းတွင် တွေ့ဆုံခွင့်ရရန် ကြိုးစားနေကြသည်ဟု ဦးစိုးသိန်းမောင်က ပြောသည်။

၎င်းတို့ကို တရားစွဲတင်နိုင်ရေးအတွက် ပုဏ္ဏားကျွန်းရဲစခန်းက ပြင်ဆင်နေပြီး ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးတွင် ယနေ့ ချုပ်ရမန် ယူခဲ့ကာ လာမည့် မေ တွင် ပထမရမန်ပြည့်မည်ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ဖမ်းဆီးခံရသူ ဦးထဲမှ ကိုမျိုးလင်းဦး၏ အဖေ ဦးဇင်း ဦးပညာဝံသက တပ်မတော်က ရွာသားများအား ဖမ်းဆီးခဲ့ရာတွင် ၎င်း၏ သားနှစ်ယောက်နှင့် ဆွေမျိုးသုံးယောက်လည်း ပါဝင်ခဲ့ပြီး သားအကြီးတစ်ယောက်နှင့် ဆွေမျိုးများပြန်လွတ်လာသော်လည်း ကိုမျိုးလင်းဦးကို အကြမ်းဖက်ဥပဒေနှင့် တရားစွဲဆိုထားခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးပညာဝံသ က (သားဖြစ်သူမှာ) “AA မဟုတ်ပါဘူး သင်္ကန်းဆီးပြီး ပြန်ထွက်လာတာတောင် တစ်လလောက်ပဲရှိသေးတယ်ဟု မိန့်သည်။

လတ်တလောတွင် ကျောက်ဆိပ်ရွာမှာ ရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခြင်း၊ ကျေးရွာသားများ အစုလိုက်ဖမ်းဆီးခံရခြင်းတို့ကြောင့် ရွာသားအားလုံး ရွာတွင်မနေရဲကြတော့ဘဲ နီးစပ်ရာကျေးရွာများနှင့် ပုဏ္ဏားကျွန်းမြို့ပေါ်တို့တွင် ပြောင်းရွှေ့နေထိုင်နေကြရသည်။

 

Show More

Related Articles

Back to top button