
“အခု ဧပြီလသည် ကူးစက်မှုကို ထိန်းချုပ်ဖို့ အင်မတန်အရေးကြီးသောကာလ ဖြစ်ပါတယ်” – ဒေါက်တာသာထွန်းကျော် နိုင်ငံအချို့၏ အတွေ့အကြုံအရ ကိုရိုနာဗိုင်းရပ်ပိုး ပြန့်ပွားမှုသည် စတွေ့သည့် တစ်လအတွင်း ပိုးတွေ့လူနာအရေအတွက် နည်းသော်လည်း ယင်းတစ်လနောက်ပိုင်းတွင် ‘လူအစုလိုက်၊ အပြုံလိုက်’ ကူးစက်ပြန့်ပွားတတ်သဖြင့် မြန်မာနိုင်ငံတွင် ယခု ဧပြီလသည် ပိုးကူးစက်မှုကို ထိန်းချုပ်ရန် အလွန်အရေးကြီးသော ကာလဖြစ်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသာထွန်းကျော်က Myanmar Now ကို ပြောသည်။
ရိုက်ကူးနှင့် တည်းဖြတ် − မင်းမင်း/ Myanmar Now
မေးမြန်း − ဉာဏ်လှိုင်လင်း/ Myanmar Now
[youtube https://youtu.be/3S0e9uuSbKM]