အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီကို လေယာဉ်ဆီ ပံ့ပိုးပေးနေသူများ ထပ်မံပိတ်ဆို့အရေးယူခံရ 

စစ်ကောင်စီလေတပ်အတွက် လေယာဉ်ဆီနှင့် လက်နက်တင်သွင်းပေးနေသည့် ခရိုနီများနှင့် လက်နက်ပွဲစားများကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်က ကြေညာပြီးနောက် ဗြိတိန်နိုင်ငံလည်း အလားတူ ဒဏ်ခတ်အရေးယူကြောင်း ယမန်နေ့ (မတ် ၂၇) တွင် ထုတ်ပြန်သည်။

အာဏာသိမ်းစစ်တပ်၏ အဓိကလက်နက်ပွဲစားတစ်ဦးဖြစ်သော ဦးထွန်းမင်းလတ်နှင့်ဇနီး ဒေါ်ဝင်းမင်းစိုး၊ ၎င်းတို့နှစ်ဦးပိုင် Star Sapphire ကုမ္ပဏီအုပ်စုနှင့် Star Sapphire Trading ကုမ္ပဏီတို့အပြင် လေတပ်အတွက် လေယာဉ်ဆီတင်သွင်းပေးနေသည့် Asia Sun Group၊ Asia Sun Trading နှင့် Cargo Link Petroleum Logistics ကုမ္ပဏီတို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်က ယခုလ ၂၄ ရက်တွင် ကြေညာခဲ့သည်။

ဗြိုတိန်၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါး၊ ငွေကြေးခဝါချမှုတို့ဖြင့် ဖမ်းဆီး အရေးယူခံထားရသည့် လက်နက်ပွဲစား ထွန်းမင်းလတ် အပါအဝင် လေယာဉ်ဆီဖြန့်ဖြူးပေးနေသည့် Shoon Energy Pte ကုမ္ပဏီ၊ ထိုကုမ္ပဏီမှ ဒါရိုက်တာနှင့် ရှယ်ယာရှင် ဒေါ်ခင်ဖြူဝင်းတို့ ပါဝင်သည်။​

“ပိတ်ဆို့မှုများသည် မြန်မာစစ်တပ်၏ လောင်စာနှင့် စစ်ရေးဆိုင်ရာပစ္စည်းများ ရနိုင်ခွင့်ကို ကန့်သတ်ရန် ရည်ရွယ်သည်” ဟု ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထွန်းမင်းလတ်သည် စစ်ကောင်စီအတွက် လေယာဉ်စက်ပစ္စည်း အစိတ်အပိုင်းများ၊ ဒရုန်းများနှင့် စက်လက်နက်များ တင်ပို့ရာတွင် ပါဝင်ပတ်သက်နေသည်ဟု ဖော်ပြထားသည်။

ထို့ပြင် အမေရိကန်မှ အရေးယူဒဏ်ခတ်ထားသည့် တရုတ်နိုင်ငံမှ စစ်လက်နက်ထုတ်ကုမ္ပဏီ NORINCO ၏ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် Star Sapphire Group of Companies က လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရှိရသည်ဟုလည်း ဆိုသည်။

လူ့အခွင့်အရေးလှုပ်ရှားနေသည့် အဖွဲ့ဖြစ်သော Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က အမေရိကန်အစိုးရ၏ ယခုပိတ်ဆို့အရေးယူမှုကို ကြိုဆိုလိုက်ပြီး Star Sapphire ကုမ္ပဏီတွင် ပါဝင်ပတ်သက်နေသည့် ထက်အောင်၊ ခိုင်ဝင့်မွန်၊ စည်သူမောင်နှင့် သန့်လွင်မိုး အပါအဝင် ကွန်ရက်တစ်ခုလုံးကိုလည်း အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံ့ပြုလုပ်ရန် တိုက်တွန်းထားသည်။

မူးယစ်ရာဇာနှင့် လက်နက်ပွဲစား ထွန်းမင်းလတ်ကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ၎င်း၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းရာ၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည်စုံနှင့် သမီး ခင်သီရိသက်မွန်တို့ပိုင် ကွန်ဒိုနှင့် ဘဏ်စာအုပ်များ တွေ့ရှိခဲ့သည်။

မြန်မာစစ်တပ်နှင့် ဆက်နွှယ်သူများကို ပိတ်ဆို့အရေးယူခြင်းမှာ တာဝန်ခံမှုရှိအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာပြည်သူလူထုဆန္ဒကို ဆန့်ကျင်သည့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သည့် လှုပ်ရှားမှုများကို ပြစ်တင်ရှုတ်ချကြောင်း ဗြိတိန်အစိုးရအဖွဲ့မှ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က ပြောဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button