အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

TNLA ၏ လျှို့ဝှက်လက်နက်တိုက်များကို တပ်မတော်သိမ်းဆည်း

လေယာဉ်ပစ် လက်နက်များအပါအဝင် ရာနှင့်ချီသော လက်နက်ခဲယမ်းများ လျှို့ဝှက်သိမ်းဆည်းထားသည့် တအာင်းလက်နက်ကိုင်အဖွဲ့(TNLA) ၏ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မန်တုံဒေသတဝိုက်မှ လက်နက်တိုက်များကို တပ်မတော်ဘက်က ရှာဖွေတွေ့ရှိခဲ့သည်။

TNLA စစ်ဦးစီးချုပ်၏ ဇာတိဒေသဖြစ်သည့် နမ့်ဆန်မြို့နယ်၊ ဟူးခင် ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာနှင့် အနီးတဝိုက် နေရာများအား နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီးနောက် အဆိုပါလက်နက်များ ဝှက်ထားသည့် နေရာများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း တပ်မတော်၏ ယနေ့သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်စာရင်းများအရ နိုဝင်ဘာ ၂၂ ရက်က သိမ်းဆည်း ရှာတွေ့ခဲ့သည့် TNLA ၏ လက်နက်တိုက်များထဲမှ ပခုံးထမ်းလေယာဉ်ပစ်လက်နက်အပြင် လက်နက်စုစုပေါင်း ၁၇၀ ကျော်၊ ခဲယမ်း ငါးသောင်းကျော်နှင့် စစ်အသုံးအဆောင်ပစ္စည်း ပီနံအိတ် ၇၇ လုံးစာတို့ကို တပ်ဘက်က ရှာတွေ့ခဲ့သည်။

“လက်နက်တွေကတော့ ကျွန်တော်တို့ဟာ မှန်တယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ ပမာဏတော့ မဟုတ်ဘူး။ ကျွန်တော်တို့ စာရင်းအရတော့ အလက် ၅၀လောက်ပဲ။ လေယာဉ်ပစ်ပါတာ ဟုတ်တယ်၊ သူတို့က လေကြောင်းပစ်ကူတွေလည်း လာပစ်နေတာလေ” ဟု TNLA ပြောခွင့်ရအရာရှိ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

တပ်မတော်ဘက်မှ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးကမူ အဆိုပါလက်နက်ပမာဏသည် ကျေးရွာတစ်ရွာ၌ သိမ်းဆည်းရမိမှုသာဖြစ်ပြီး တံတားများဖောက်ခွဲနိုင်သည့် ခဲယမ်းများစွာ ပါဝင်ကြောင်းဆိုသည်။

လက်နက်များသိမ်းဆည်းရမိမှုအတွင်း ဖမ်းဆီးထားသူ ရှိပါသလားဟု Myanmar Now ကမေးမြန်းရာ “လက်နက်တွေပဲ ဖမ်းဆီးတာဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ဖမ်းမထားပါဘူး” ဟု ဗိုလ်ချုပ်အောင်ဇော်အေးက ပြောသည်။

တပ်မတော်က TNLA စခန်း ၇၈ခုအနက် ၄၁ခုကို သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍မူ TNLAတပ်စွဲသည့် နေရာအတော်များများသည် ကာလတိုသာဖြစ်၍ ထိုသို့သတ်မှတ်ပြောဆို၍ မရကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button