အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိုက်လေယာဉ် F7 အစိတ်အပိုင်းထိမှန်ခဲ့သည့် ကလေးငယ် ဒဏ်ရာမသက်သာသေး

(မကွေး) – အင်္ဂါနေ့ အစောပိုင်းက မင်းဘူးတွင် ပျက်ကျခဲ့သည့် တိုက်လေယာဉ် F7 ၏ အစိတ်အပိုင်း ထိမှန်ခဲ့သည့် တတိယတန်းကျောင်းသားသည် ဒဏ်ရာမသက်သာသေးဘဲ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

ရုတ်တရက်ကျလာသည့် လေယာဉ်အစိတ်အပိုင်းတစ်ခု ဘယ်ဘက် ခြေထောက်ကို ထိသွားခဲ့ပြီးကတည်းက အသက် ၈ နှစ်အရွယ် မောင်ဟိန်းထက်အောင်သည် လမ်းမလျှောက်နိုင်တော့ကြောင်း မိခင်ကပြောသည်။

“အရိုးတော့မကျိုးဘူး ဒူးခေါင်းအောက်ပိုင်းအသားတွေကြေသွားတယ် လမ်းတော့မလျှောက်နိုင်သေးဘူး ဒူးကတော့နာနေတယ်ပြောတယ် “ဟု မိခင် မဝေဝေအောင်ကပြောသည်။

ဒဏ်ရာ သက်သာရန် ဆက်လက်ဆေးဝါးကုသမှု ခံယူရန် လိုအပ်ကြောင်း မင်းဘူးဆေးရုံမှ ဆရာဝန်များက အကြံပြုထားကြောင်းလည်း ကလေးငယ်၏ အဘိုးးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ခြေထောက်ကတော့နာနေသေးတယ် မနေ့ညကဆို ကိုက်နေတာ” ဟု အဘိုးဖြစ်သူ ဦးကျော်သန်းက ပြောသည်။

မကွေးမြို့မှ တစ်ဖက်ကမ်း မင်းဘူးမြို့ ဆားဗွက်ချောင်းအတွင်း လေယာဉ်ပျက်ကျချိန်တွင် အဆိုပါကလေးငယ်သည် လေယာဉ်အစိတ်အပိုင်း ထိမှန်ပြီး သေဆုံးသွားသည့် ပဉ္စမတန်းကျောင်းသူ မသွယ်ဇင်ငြိမ်း ၏အနီးတွင် ရှိနေခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံထုတ် F7 အမျိုးအစား တိုက်လေယာဉ်နှစ်စင်းသည် အောက်တိုဘာ၁၆က လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်ပြီးနောက် မကွေးလေတပ် စခန်းဌာနချုပ် လေယာဉ်ကွင်းသို့ ပြန်လာစဉ် ရာသီဥတုရုတ်တရက် ဆိုးရွားမှုနှင့် ကြုံတွေ့ခဲ့ရပြီး ပျက်ကျခဲ့သည်။

နောက်ထပ် F7 တစ်စင်းသည် မင်းဘူး မြောက်ဘက် သနပ်ပင်စုရွာအနီး ပျက်ကျခဲ့ခြင်းဖြစ်ပြီး လေသူရဲလည်း သေဆုံးသွားခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles