အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြင်ဦးလွင်နှင့် နောင်ချို တိုက်ခိုက်ခံရမှု ၁၅ ဦးသေ၊ ကျပ်သိန်း ၃၀၀၀ နီးပါး ပျက်စီးဆုံးရှုံး

တပ်မြို့ဟု လူသိများသည့် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်အပါအဝင် နေရာငါးခုကို ယမန်နေ့က မြောက်ပိုင်းမဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦး သေဆုံးသွားခဲ့ပြီး ငွေကျပ်သိန်းပေါင်း ၂၈၂၁ ခန့် ဆုံးရှုံးခဲ့ရကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ယနေ့ ညနေပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ သုံးဖွဲ့ ပူးပေါင်းထားသည့် မြောက်ပိုင်းမဟာမိတ်တို့၏ တိုက်ခိုက်မှုကိုအကြမ်းဖက်လုပ်ရပ်ဟုလည်း  သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဋ္ဌေးက ဝေဖန်ခဲ့သည်။

တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့သူများမှာ တပ်မတော်သား ၉ဦး၊ ရဲ ဦး၊ အရပ်သား ဦး ရှိခဲ့ပြီး နောက်ထပ် ၁၃ ဦးလည်း ဒဏ်ရာရခဲ့သည်ဟု ၎င်းကဆိုသည်။

မြောက်ပိုင်းတပ်များ၏ ရုတ်တရက် ပြောက်ကျားထိုးစစ်က အစိုးရ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်စေသော်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် လာရောက်ဆွေးနွေးရန် တံခါးဖွင့်ထားဆဲ ဖြစ်သည်ဟု ၎င်းကဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တအာင်းလက်နက်ကိုင်အဖွဲ့ TNLA ပြောခွင့်ရအရာရှိက ယင်းတိုက်ခိုက်မှုသည် ၎င်းတို့အား ထိုးစစ်ဆင်သဖြင့် လက်တုံ့ပြန်ရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

 “မြန်မာစစ်တပ်ဘက်က ကျွန်တော်တို့လှုပ်ရှားနယ်မြေအတွင်းကို တောက်လျှောက် ထိုးစစ်တွေ ပြုလုပ်လာတယ်။ အတွင်းပိုင်းအထိကို ထိုးစစ်ဆင်လာတဲ့အတွက် သွားရေးလာရေးလှုပ်ရှားမှုက တော်တော်လေး ကျဉ်းကျပ်လာတယ်။ အဲဒါကြောင့် ခုခံကာကွယ်တဲ့ပုံစံ ပြောင်းပြီးတော့မှ ပြန်ပြီးထိုးစစ်ဆင်တာဖြစ်တယ်ဟု TNLA အဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က Myanmar Now ကို ပြောသည်။

ယမန်နေ့ထိုးစစ်သည် ပြင်ဦးလွင်မြို့ရှောင်လမ်းပေါ်ရှိ တိုးလ်ဂိတ်နေရာ၊ နောင်ချိုမြို့နယ် ဂုတ်ထိပ်အနီးတွင်တစ်နေရာ၊ နောင်ချိုမြို့နယ် ရထားလမ်းအနီး လော့ပန်တွင်တစ်နေရာနှင့် နောင်ချိုမြို့နယ် ပြည်ထောင်စုလမ်းမပေါ်ရှိ တိုးဂိတ်အနီး စုစုပေါင်း နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက အတည်ပြုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button